ဘောလုံးသမိုင်းကြောင်းရဲ့ စျေးအကြီးဆုံး အသင်းတွေကို ဖော်ပြပေးလိုက်တဲ့ UEFA

UEFA မှ ထုတ်ပြန် ကြေငြာလိုက်တဲ့ သတင်း တစ်ခုမှာတော့ 2023 ခုနှစ် ဘဏ္ဍာရေး စာရင်း ပိတ်သိမ်းအပြီး ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘောလုံး သမိုင်းကြောင်းရဲ့ စျေးအကြီးဆုံး ကစားသမား စာရင်းကို ပိုင်ဆိုင်ထားတယ်လို့ သိခဲ့လိုက်ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း စျေးကြီးပေးပြီး ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေရဲ့ တန်ကြေးကို ပေါင်းလိုက်ရာမှာ ပေါင် 1.21 ဘီလီယံ အထိ တန်ကြေးရှိခဲ့ပြီး အများဆုံး အဖြစ် ရပ်တည်နေခဲ့တယ်လို့ သိလိုက်ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗဟို နောက်ခံလူ ဟယ်ရီ မက်ဂွားယား အတွက် ပေါင် သန်း 80 ၊ ဂျေဒန် ဆန်ချို အတွက် ပေါင် 73 သန်း ၊ ကာစီမီရို အတွက် ပေါင် သန်း 60 ၊ ဟော့ဂျ်လန်း၊ မောင့်၊ အိုနားနား အတွက် ပေါင် 175 သန်း အထိ သုံးစွဲထားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ကစားသမားကောင်းတွေအတွက် ငွေကြေးတွေ အများကြီး သုံးစွဲထားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေး ဇယားမှာ အဆင့် 3 နေရာသာ ရပ်တည်နိုင်ခဲ့ပြီး ဒီရာသီမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။

ယူနိုက်တက် အသင်းရဲ့ နောက်မှာတော့ ယူရို 1 ဘီလီယံထက် ပိုပြီး စျေးကြီးတဲ့ အသင်းတွေအဖြစ် မန်စီးတီး ၊ ချဲလ်ဆီး နဲ့ ရီးယဲ မက်ဒရစ် အသင်းတို့သာ ရှိနေကြပါတော့တယ် ။ မန်စီးတီး အသင်းရဲ့ တန်ကြေးကတော့ ပေါင် 1.1 ဘီလီယံ ၊ ချဲလ်ဆီး က ပေါင် 927 မီလီယံ (ယူရို 1.084 ဘီလီယံ) ၊ ရီးယဲ ကတော့ ပေါင် 882 မီလီယံ (ယူရို 1.03) ဘီလီယံ အထိ ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းကတော့ တော့ဒ် ဘိုလီ ရောက်လာတဲ့နောက်ပိုင်း ကစားသမားသစ် ခေါ်ယူရေးအတွက် ပေါင် 1 ဘီလီယံ အထက် ငွေကြေးသုံးစွဲထားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ကစားသမား အချို့ကို ပြန်လည် ရောင်းထုတ်ခဲ့တာကြောင့် အခုလို တန်ကြေး လျော့ကျခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ အသင်း လေးသင်းရဲ့ နောက်မှာတော့ အင်္ဂလိပ် ကလပ်တွေ ဖြစ်ကြတဲ့ လီဗာပူး (ယူရို 905 သန်း) ၊ အာဆင််နယ် (ယူရို 890 သန်း) တို့က အဆင့် 6 နဲ့ 7 နေရာမှာ ရပ််တည်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် တော့တင်ဟမ် က အဆင့် 9 ၊ နယူးကာဆယ် က အဆင့် 12 ၊ အက်စတွန် ဗီလာ က အဆင့် 15 ၊ ဝက်စ်ဟမ်း က အဆင့် 17 နေရာတွေမှာ ရပ်တည်နေခဲ့ကြပါတယ် ။

#SM