ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ၊ သူ အကြိုက်ဆုံး အာဆင်နယ် ကစားသမား နာမည်ကို ထုတ်ပြောလာတဲ့ အွန်နရီ

ဂန်းနား ဂန္တဝင် သီယာရီ အွန်နရီ ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီး အသင်း ခြေချော်ပြီး အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်ဖို့ မျှော်လင့် ထားတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ဆိုတာ နောက်ဆုံး ပွဲစဉ် အထိ စောင့်ကြည့်ရမှာ ဖြစ်ပြီး မန်စီးတီး အသင်း အနေနဲ့ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲမှာ အနိုင်ရတာနဲ့ ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်မှာပါ ။ အကယ်၍ မန်စီးတီး အသင်း သရေ သို့မဟုတ် အရှုံး ရလဒ် ထွက်ပေါ်ပြီး အာဆင်နယ် အသင်း အနိုင်ရပါက အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်လာမှာပါ ။

အွန်နရီ က Match of the day အစီအစဉ်မှာ ” ချန်ပီယံ အခွင့်အရေး က မန်စီးတီး လက်ထဲမှာပဲ ရှိပါတယ် ။ မန်စီးတီး က ဒီလို အခိုက်အတန့်မျိုးမှာ ကြိမ်ဖန်များစွာ လုပ်ပြ ခဲ့ပြီးပါပြီ ၊ သူတို့ ခြေချော်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး ၊ ဒါပေမဲ့ ပရိသတ်တွေ အတွက်ကျတော့လည်း ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတဲ့ အတွေးလည်း ရှိနေတာပေါ့ဗျာ ။ ”

” ဒိုင်လူကြီး ရဲ့ ပွဲသိမ်း ခရာမှုတ်လိုက်တဲ့ အချိန်မှာ ငါတို့ အသင်း ချန်ပီယံ မဖြစ်သွားဘူး ဆိုတဲ့ အနေအထားမျိုး မရောက်ဖို့ မျှော်လင့်ပါတယ် ။ ‌အဆုံးသတ်မှာ စီးတီး ပရိသတ်တွေပဲ ပျော်ပီး ပြောနိုင်ဆိုနိုင်တဲ့ အနေအထားမျိုး မရောက်ဖို့ မျှော်လင့်ပါတယ် ။ အာဆင်နယ် သာ အနိုင်ရပြီး ဆုဖလား ကို ကိုင်မြှောက်နိုင်မယ်ဆို ကျနော့်ကို အင်တာဗျူး လာမေးပါ ၊ ကျနော် အများကြီး ဖြေပေးပ့ါမယ် ။ ဒါပေမဲ့ မန်စီးတီး က တကယ့် ထူးရှယ် အသင်းပါ ၊ သူတို့ နိုင်ပွဲ မရဖို့ ကျနော် မျှော်လင့်ထားရုံ သက်သက်ပါပဲ ။ ”

ဆက်လက်ပြီး အွန်နရီ က သူ အကြိုက်ဆုံး အာဆင်နယ် ကစားသမား နာမည်ကိုလည်း ” ဘူကာရို ဆာကာပေါ့ဗျာ ။ သူက ကောင်းပါတယ် ၊ သူ့ အပေါ် ကျနော် လေးစားမှု အပြည့် ထားပါတယ် ၊ သူက ကျနော့် အကြိုက် ကစားသမားပါပဲ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM