အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးစတားတစ်ဦးရဲ့ Performance ကို ဝေဖန်လိုက်တဲ့ ကာရေဂါ နဲ့ ရွိုင်ကိန်း

 

ဂျေမီကာရေဂါနဲ့ ရွိုင်ကိန်း တို့ဟာ ဗန်ဒိုက်ဟာ အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မမေ့နိုင်စရာညတစ်ညကို ကြုံခဲ့ရတယ်ဆိုတာ လက်ခံခဲ့ကြပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် ရှုံးပွဲကို ကြုံခဲ့ရကာ ပထမပိုင်းမှာ အာဆင်နယ်က ခြေသာခဲ့ပြီး ဆာကာက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ဂါဘရီရယ်က ပထမပိုင်းပြီးခါနီးမှာ own goal သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးတို့ ခြေစွမ်းကောင်းလာခဲ့ပေမယ့်လည်း ဗန်ဒိုက်နဲ့ အလီဆွန် တို့ အံ့ဖွယ်အမှားလုပ်ခဲ့ပြီး ဒါကို မာတင်နယ်လီက အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ကိုနာတေး အနီကတ်ပြခံခဲ့ရပြီး အာဆင်နယ်က ဒါကို အခွင့်အရေး အဖြစ် အသုံးချနိုင်ခဲ့ပြီး ထရိုဆန့်က အဆုံးသတ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးရဲ့ အဓိက အရေးပါဆုံး ကစားသမား ၂ ဦးဟာ မဖြစ်သင့်တဲ့ အမှားကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီး ကိန်း နဲ့ ကာရေဂါက ဗန်ဒိုက် အနေနဲ့ လီဗာပူးတို့ ပေးလိုက်ရတဲ့ ဒုတိယဂိုးမှာ ဘောလုံးကို ရှင်းထုတ်ခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။

ကာရေဂါက “ဒါဟာ တစ်ရာသီမှာ တစ်ကြိမ်လောက် ဖြစ်တက်တဲ့ ကြီးမားတဲ့အမှားပါ။ ဒီအဖြစ်အပျက်က အဆိုးဆုံး အချိန်မှာ ဖြစ်သွားခဲ့ပါတယ်။ ဗန်ဒိုက် အနေနဲ့ ခေါင်းတိ်ုက်ရှင်းထုတ်ခဲ့သင့်ပါတယ်။ ဂိုးသမားကတော့ အလောတကြီး ဆုံးဖြတ်ခဲ့တာလား? ဟုတ်ပါတယ်။ ဒါပေမယ့် ဗန်ဒိုက် အနေနဲ့ ဘောလုံးကို ခေါင်းတိုက်ရှင်းထုတ်ခဲ့သင့်ပါတယ်။ ရှုပ်ထွေးအောင် မလုပ်သင့်တဲ့ အပြင် ဘောလုံးကို ထောက်ကျတာ ခွင့်မပြုသင့်ပါဘူး။ ကိုနာတေး ဒါမှမဟုတ် အလီဆွန်ကို ခေါင်းတိုက်ပေးတာ လုပ်ရမှာပါ။

ဗန်ဒိုက်ဟာ နောက်ကနေ နည်းနည်းတိုက်ခံခဲ့ရကာ ဒါဟာ အလီဆွန်ကို ဒီလိုမျိုး ဖြစ်သွားစေခဲ့တာပါ။ ဒါပေမယ့် မာတင်နယ်လီ အနေနဲ့ ဒီလိုမျိုး လုပ်ခွင့်ရှိပါတယ်။ သူတို့ ၂ ဦးဟာ အရမ်းကိုကောင်းခဲ့တဲ့ သူတွေပါ။ သူတို့ဟာ ၄ ၅ ရာသီလောက် လီဗာပူးရဲ့ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးတို့ ဒီလို ထိပ်တန်းအဆင့် ပြန်ရောက်တာကလည်း သူတို့ကြောင့်ပါ။ ဒီအဖြစ်အပျက်ကတော့ ဝိုင်းလှောင်စရာ အဖြစ်အပျက်ပါပဲ။

ဗန်ဒိုက်ဟာ ဒီညမှာ လီဗာပူးတို့ ပေးလိုက်ရတဲ့ ဂိုးအားလုံးမှာ အမှားလုပ်ခဲ့ပါတယ်။ ပထမဂိုးမှာဆိုရင် သူ့အနေနဲ့ ကိုယ့်ရဲ့ နေရာမှာ ကိုယ်နေသင့်ပါတယ်။ ဒုတိယဂိုးမှာ ခေါင်းတိုက်ရှင်းထုတ်ခဲ့သင့်ပါတယ်။ တတိယဂိုး ဆိုရင်လည်း ရှေ့တက်ပြီး ပိတ်ဆို့သင့်ခဲ့ပါတယ်။ ကိုနာတေး ထွက်ခွာသွားကြောင့် နောက်ခံလူ တစ်ယောက်က လျော့နေခဲ့တာပါ။ ဒါဟာ ဗန်ဒိုက်ရဲ့ Game မှာ မြင်နိုင်တဲ့ အားနည်းချက် တစ်ချို့ပါ။”

ရွိုင်းကိန်းက “ကျနော် ဂျေမီရဲ့ ပြောစကားကို သဘောတူပါတယ်။ နောက်ခံလူတွေဟာ ကိုယ့်ကိုကိုယ် ရှုပ်ထွေးအောင် လုပ်နေကြတယ်လို့ ကျနော် ထင်ပါတယ်။ ဘောလုံးကို ခေါင်းတိုက် ရှင်းပစ်လိုက်စမ်းပါ။ ကစားသမားတွေဟာ relax ဖြစ်နေကာ ခပ်ပေါ့ပေါ့ လုပ်နေကြပါတယ်။ အာရုံအပြည့်အ၀ စိုက်ပြီး အန္တရာယ်ကို smell လုပ်နိုင်ရပါမယ်။ ဗန်ဒိုက်ဟာ လူကောင်ကြီးပြီး သန်မာတဲ့လူပါ။ ဘောလုံးကို ခေါင်းတိုက် ရှင်းပစ်လိုက်စမ်းပါ။”