အာဆင်နယ် အသင်း အမှတ်‌ပေးချန်ပီယံ ဖြစ်နိုင်တယ်လို့ ဘာကြောင့် မထင်တော့တာလဲ ရှင်းပြလိုက်တဲ့ ဂယ်ရီနဗီးလ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က ဒီတစ်ပတ်မှာ အမှတ်ပေး ဇယား ဦးဆောင်သူ လီဗာပူး အသင်းကို အာဆင်နယ် အသင်း အနိုင် ရသွားခဲ့ပေမယ့် ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်း တစ်သင်းလို့တော့ မခံစားမိကြောင်း ပြောကြား လာခဲ့ပါတယ် ။

ဂယ်ရီနဗီးလ် က အာဆင်နယ် ၃-၁ လီဗာပူး ပွဲအပြီး Sky Sports မှာ ” ပွဲအပြီး အာဆင်နယ် အသင်း အကြီးအကျယ် အောင်ပွဲခံနေကြတာတွေ့တော့ သူတို့ဟာ သူတို့ကိုယ် သူတို့ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတစ်သင်းလို့ မထင်ကြသေးဘူးလို့ ကျနော်ကတော့ မြင်ပါတယ် ။ အာဆင်နယ် က ချန်ပီယံ ပြိုင်ပွဲကနေ မထွက်ခွာချင်သေးတဲ့ အသင်း တစ်သင်း ပုံစံ နဲ့ ပိုတူနေပါတယ် ၊ သူတို့ရဲ့အောင်ပွဲခံပုံက မရင့်ကျက်တာပါပဲ ၊ နိုင်သွားလို့ စိတ်သက်သာရာ ရပြီး အောင်ပွဲခံသလို ဖြစ်နေပါတယ် ။”

” ကျနော်ကတော့ ကလစ်ချီ ပြောသွားတဲ့ ညှာတာမှု ကင်းမဲ့မှု ဆိုတဲ့ အသုံးကို သဘောတူပါတယ် ။ အာဆင်နယ် က လီဗာပူး ထက် ပိုကောင်းနေတဲ့ အသင်းပါ ၊ ဒါပေမဲ့ အာဆင်နယ် ပွဲကို ကြည့်တဲ့ အချိန်မှာ လီဗာပူး လောက် တခြား အသင်းတွေ အပေါ် ရက်စက်မှု မရှိဘူးလို့ ခံစားမိပါတယ် ၊ လီဗာပူး ရဲ့တိုက်စစ် က ပြိုင်ဘက် ဂိုးဧရိယာ အတွင်းမှာ ပိုပြီး အညှာအတာ ကင်းမဲ့ပါတယ်။ ”

” ဒီအချက်ကပဲ အာဆင်နယ် အသင်းကို နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်စေမှာပါ ၊ ရာသီ အစတုန်းက အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ကျနော် ပြောခဲ့ဖူးပါတယ် ။ ဒါပေမဲ့သူတို့ ချန်ပီယံ မဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး မြင်ခဲ့ရပါတယ် ၊ သူတို့မှာ ပြိုင်ဘက် ဂိုးဧရိယာအတွင်း အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦးမှ မရှိပါဘူး ။ ဒါက ရာသီကုန်ခါနီးမှာ အာဆင်နယ် အသင်းကို ကောင်းကောင်း ဒုက္ခပေးပါလိမ့်မယ် ။ ”

MANCHESTER, ENGLAND – MAY 03: Sky Sports pundit Gary Neville before the Premier League match between Manchester City and West Ham United at Etihad Stadium on May 3, 2023 in Manchester, United Kingdom. (Photo by Visionhaus/Getty Images)

” အာဆင်နယ် က နည်းပြ ရဲ့သေချာ လေ့ကျင့်ပေးခြင်းကို ခံထားရတဲ့ အသင်း ၊ စနစ်ကျတဲ့ အသင်း ၊ ကစားပုံ တကယ်ကောင်းတဲ့ အသင်းပါ ။ ဒါပေမဲ့ အရေးကြီးဆုံး အရာတစ်ခု က ပျောက်ဆုံး နေဆဲ ဖြစ်နေပါတယ် ၊ လီဗာပူးမှာဆို ဂျိုတာ ဆာလာ ဂတ်ပို ဒီယက်ဇ် တို့ ရှိကြပါတယ် ၊ အကုန်လုံး က အန္တရယ် ပေးနိုင်တဲ့ ကစားသမားတွေချည်းပါ ၊ အာဆင်နယ် မှာက အဲ့ဒီလိုမျိုး ရှိမနေတာက ပြဿနာ ဖြစ်လာနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM