အမ်းမရိတ်မှာ အာဆင်နယ် အသင်း လီဗာပူး ကို ကပ်နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဒေးဗစ်ဆီးမန်း

 

ဂန်းနား ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်း ကတော့ ဒီနေ့ညမှာကစားမယ့် အာဆင်နယ် အသင်း နှင့် လီဗာပူး အသင်း ပွဲမှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် က ကပ်ပြီး အနိုင် ရသွားလိမ့်မယ်လို့ ခန့်မှန်း ပြောကြား သွားခဲ့ပါတယ် ။

” ဒီပွဲက တကယ့်ကို အရေးပါတဲ့ ပွဲတစ်ပွဲပါ ၊ လီဗာပူး အသင်းက လက်ရှိ အချိန်မှာ ပုံစံကောင်း ရနေတဲ့ ထိပ်သီး အသင်း တစ်သင်းပါ ။ လူအင်အားလည်း တောင့်တင်းပါတယ် ၊ သူတို့ဆီကနေ အမှတ် ယူနိုင်ရင်ကျနော်တို့အတွက် အကျိုးရလဒ် က အလွန် ကြီးမားပါလိမ့်မယ် ။ ”

” မန်စီးတီး အသင်း အမ်းမရိတ် ကို လာကစားတဲ့ ပွဲနဲ့ ဆင်တူပါတယ် ၊ အဲ့တုန်းက ကျနော်တို့ နိုင်သွားတော့ အာဆင်နယ် အသင်း အကြောင်း လူပြောပိုများ သွားပါတယ်။ အခု အချိန်မှာတော့ လူတွေက လီဗာပူး နှင့် စီးတီး အကြောင်းပဲ ပြောနေကြပါတယ် ၊ ကျနော်တို့ အနေနဲ့ အနည်းဆုံး သရေ တစ်မှတ် ရအောင် ယူသင့်ပါတယ် ၊ ကျနော်ကတော့ သုံးမှတ် ရဖို့ပဲ တွေးထားပါတယ် ။ ”

” ဒါပေမဲ့ အနိုင်ရဖို့ အတွက် တကယ့်ကို ခက်ခဲမယ့် ပွဲပါ ၊ အာဆင်နယ် အသင်း မဖြစ်မနေ အနိုင် ကစားကို ကစားရမယ့် ပွဲတွေ ရှိပါတယ် ၊ အထူးသဖြင့် အိမ်ကွင်းမှာ ကစားရတဲ့ ပွဲတွေပေါ့ ၊ လူစုံနေတဲ့ ပြိုင်ဘက် အသင်းကို အနိုင်ယူတာက ပိုပြီးတော့တောင် ခွန်အား ဖြစ်စေမှာပါ ။ ဒါပေမဲ့ ဆာလာ မပါတဲ့ အသင်းကိုမှ နိုင်တာပါ ဆိုပြီး ပြောကြမယ့် ဖိအားကလည်း ရှိပါတယ် ။ ”

” လီဗာပူး က ဆာလာ မပါလည်း ဂျိုတာ က ကြောက်စရာ ကောင်းတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ ။ အာဆင်နယ် အနေနဲ့ သူတို့က ဘယ်လို အသင်းလဲ ဆိုတာ ပြသရမယ့် ပွဲဖြစ်ပြီး ချန်ပီယံ ဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ကြောင်း ပြသရမယ့် အနေအထားပါ ၊ ကိုယ့်အပေါ် က အသင်းတွေဆီက အမှတ်ယူရမယ့် ပွဲပါ ၊ ကျနော်ကတော့ အာဆင်နယ် အသင်း ၁-၀ လောက်နဲ့ အနိုင်ရမယ်လို့ ထင်ပါတယ် ။ “