အာဆင်နယ် Vs လီဗာပူး ပွဲမှာ ဘယ်အသင်း အနိုင် ရသွားမလဲ ခန့်မှန်း သုံးသပ်လိုက်တဲ့ ဆပ်တန်

ခရစ်ဆပ်တန် ( BBC )

” လီဗာပူး အသင်းက လက်ရှိ အချိန်မှာ ပုံစံကောင်း ရနေပါတယ် ။ ချဲလ်ဆီး နဲ့ ပွဲ ကစားသွားတာဆို တကယ့်ကို အထင်ကြီးစရာ ကောင်းပါတယ် ၊ ဒါတောင် ဆာလာ ဒဏ်ရာ ကနေ ပြန်မလာသေးပါဘူး ၊ အာနိုး နှင့် ရောဘတ်ဆန် နှစ်ယောက်စလုံး ချဲလ်ဆီး နဲ့ ပွဲမှာ အရန်ခုံကနေ လူစားဝင် ကစားခဲ့ကြတော့ အခုဆို ကြံ့ခိုင်မှု ပြည့်ဝ နေလောက်ပါပြီ ။ ”

” သူတို့ သုံးယောက် မပါတာတောင် လီဗာပူး က တောင့်တင်းတဲ့ လူစာရင်း ရှိနေဆဲပါ ။ နောက်ပြီး တခြား အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေလည်း ရှိပါတယ် ၊ နူနက်ဇ် က ဂိုးမသွင်းနိုင် ဖြစ်နေတယ်ဆိုပေမယ့် ပြိုင်ဘက် ကို ကောင်းကောင်း ခြိမ်းခြောက် နိုင်တဲ့ ကစားသမားပါ ၊ အသင်းအတွက် အများကြီး အကျိုးပြုထား နိုင်ပါတယ် ။ ”

” နောက်ပြီး ဂျိုတာ နှင့် ဒီယက်ဇ် တို့ရဲ့ တိုက်စစ်ကလည်း သိပ်ကို ထက်မြက် လွန်းနေပါတယ် ။ လီဗာပူး အသင်း ရဲ့ကွင်းလယ်ကလည်း တကယ် ကောင်းနေတာပါ ။ အာဆင်နယ် က နော်တင်ဟမ်ဖောရက်စ် နဲ့ ပွဲမှာ အရမ်းကြီး မကောင်းခဲ့ပေမယ့် အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲ ရအောင် ယူနိုင်ခဲ့ပါတယ် ။ ”

” အာဆင်နယ် နှင့် လီဗာပူး က ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတွေမှာ ခြေစွမ်းပိုင်း ကွာဟမှု အရမ်းကြီး မရှိပါဘူး ။ အာဆင်နယ် က လီဗာပူး နဲ့ ကစားတဲ့ နှစ်ပွဲစလုံး အခွင့်အရေးတွေ အမြောက်အများ ရခဲ့ပါတယ် ၊ အာတီတာ ရဲ့ အသင်းက အထောင်တိုက်စစ်မှူး စစ်စစ် မရှိသေးပေမယ့် ဒီတစ်ကြိမ်တော့ ရလာတဲ့ အခွင့်အရေးတွေကို အသုံးချ နိုင်လိမ့်မယ်လို့ ကျနော် ကတော့ ထင်ပါတယ် ။ ”

” အာဆင်နယ် အသင်း ဒီပွဲ နိုင်လိမ့်မယ်လို့ ကျနော် ဘာကြောင့် ခံစားမိနေသလဲတော့ မသိပါဘူး ။ လီဗာပူး ကလည်း ဂိုးသွင်းနိုင်ပါလိမ့်မယ် ၊ အာဆင်နယ် က အမှတ် ပိုလိုအပ်နေတာကြောင့် အနိုင် သုံးမှတ် ကို အရ ယူသွားပါလိမ့်မယ် ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂-၁ လီဗာပူး