မန်စီးတီး ဖလား ၃ လုံး ရနိုင်တယ်လို့ ထောက်ခံအားပေးလာတဲ့ ဂယ်ရီနဗီးလ်

မန်ယူနိုက်တက် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် က ပက် ဂွာဒီယိုလာ ရဲ့ ဒီနှစ် အသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ ၁၉၉၉ တုန်းက လို မဟာအောင်ပွဲမျိုး ရယူနိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင် ထားကြောင်း ထုတ်ဖော် သုံးသပ် သွားခဲ့ ပါတယ် ။

 

မန်စီးတီး ဟာ ချန်ပီယံလိဂ် နဲ့ FA Cup တွေမှာ ကွာတား ၊ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရရှိထားပြီး ပြိုင်ပွဲ ၃ ခု စလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ် ။

မန်စီးတီး ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဂျာမန် ထိပ်သီး ဘိုင်ယန်မြုးနစ် ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး နောက်တဆင့် တက်ဖို့ အလေးသာသွား သလို ပိတ်ရက်မှာလည်း လက်စတာ စီးတိး ကို ၃-၁ နဲ့ အနိုင်ယူခဲ့ ပါတယ် ။

မန်ယူနိုက်တက် နဲ့ ဖလား ၃ လုံးအောင်ပွဲ ကို ရယူပိုင်ဆိုင် ခဲ့ဖူးတဲ့ ဂယ်ရီ နဗီးလ် က မန်စီးတီး ဟာ မြို့ခံ ပြိုင်ဘက် ရဲ့ အောင်မြင်မှုကို လိုက်မီဖို့ လုံလောက်တဲ့ ခြေစွမ်းကို ပိုင်ဆိုင် ထားပြီလို့ ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။

“သူတို့ ( မန်စီးတီး ) ကစားပုံက တကယ် စစ်မှန်ပါတယ် ။ ကစားတာလည်း အရမ်းကို ကောင်းပါတယ် ။ ပုံစံကောင်းလည်း ရနေသလို အပြည့်အဝလည်း အာရုံစူးစိုက် ကစားနေကြတာပါ ။ ဟာလန်း ကလည်း အသင်းနဲ့ အသားကျ နေပါပြီ”

“ဖလား ၃ လုံးအောင်ပွဲ ၊ သူတို့ ရနိုင်ပါတယ် ။ ပရီးမီးယားလိဂ် ၊ FA Cup နဲ့ ဥရောပ ဖလားတွေကို ရယူနိုင် လောက်တဲ့ အစွမ်းမျိုး သူတို့မှာ ပိုင်ဆိုင် နေပါပြီ ။ ဒီလို ဖြစ်လာဖို့ ဆိုတာ တကယ်မလွယ်ပါဘူး ။ အချိန်တွေ အများကြီးပေးပြီး ကြိုးစားရတာပါ ။ အခု မန်စီးတီး ကတော့ ဒီအောင်ပွဲမျိုး နဲ့ နီးစပ်မှု ရှိလာပြီလို့ ပြောရမှာပါပဲ” လို့ ဂယ်ရီ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR