ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် ပွဲ နှစ်ပွဲကို ရွေးချယ် ပေးလိုက်တဲ့ ဂျေမီရက်နပ်

 

ဂျေမီ ရက်နပ် ကတော့ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ် ပေးမယ့် ပွဲတွေဟာ စပါး အသင်း နဲ့ ကစားရမယ့် အာဆင်နယ် ၊ မန်စီးတီး တို့ရဲ့ပွဲစဉ်တွေ ဖြစ်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဂျေမှရက်နပ် က Sky Sports မှာ ” တော့တင်ဟမ် က ချန်ပီယံဆု အတွက် အဆုံးအဖြတ်မှာ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင် နေပါတယ် ။တော့တင်ဟမ် က ဒီ တနင်္ဂနွေမှာ အာဆင်နယ် အသင်း နဲ့ ပွဲကြီးပွဲကောင်း ကစားရဖို့ ရှိနေပါတယ် ၊ ဒါဘီ ပွဲတွေမှာ ဘာတွေ ဖြစ်ပျက်တတ်သလဲ ဆိုတာ ခင်ဗျားတို့လည်း မာဆေးဆိုဒ်ဒါဘီ ကို ကြည့်ပြီး တွေ့လိုက်မှာပါ ။ ”

” အာဆင်နယ် အနေနဲ့ တော့တင်ဟမ် နဲ့ ပွဲမှာသာ အနိုင် ၃ မှတ် ရရင် လက်ကျန် ပွဲအားလုံးမှာ အနိုင် ရပါလိမ့်မယ် ။ ဒါဆို မန်စီးတီး အသင်းကလည်း သရေ တစ်ပွဲလောက် ကျပြီး ခြေချော်လက်ချော် ဖြစ်သွား နိုင်သလား ဆိုတာ မေးခွန်း ထုတ်စရာပါပဲ ၊ သူတို့သာ ခြေချော်ရင် အာဆင်နယ် ဖလားပါပဲ ။ ”

” တော့တင်ဟမ် က မန်စီးတီး ကို အိမ်ကွင်းမှာ ကစားရမှာပါ ၊ သူတို့ ကွင်းမှာ မန်စီးတီး နဲ့ တွေ့တိုင်း ရလဒ်ကောင်း ရတတ်တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင် ထားပါတယ် ။ မန်စီးတ က ရေပန်းစားနေတာ မှန်ပါတယ် ၊ Opta Stats တွေကို ကျနော် အမြဲတမ်း သဘောမတူ ပေမယ့် မန်စီးတီး က ဒီလို အချိန်ရောက်တိုင်း ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိတော့ ရေပန်းစားနေတာက အဓိပ္ပါယ် ရှိပါတယ် ။”

” ဒါပေမဲ့ အာဆင်နယ် ကလည်း သူတို့ လုပ်စရာ ရှိတာ ကို ဆက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲက အရေးကြီးပါတယ် ၊ အဲ့ဒီ ပွဲနိုင်ရင် အာဆင်နယ် အသင်း ကျန်တဲ့ ပွဲတွေ အားလုံးကိုလည်း အနိုင် ရပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM