မာဆေးဆိုက်ဒါဘီအပြီး အသင်းသား တစ်ဦးကို လီဗာပူးကစားသမားတွေ ဒေါသထွက်နေလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီး

 

ဂယ်ရီနဗီးက လီဗာပူး ကစားသမားတွေ အနေနဲ့ ပြီးခဲ့တဲ့ မာဆေးဆိုက်ဒါဘီ ပွဲစဉ်အပြီးမှာ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တဲ့ ဒါ၀င်နူးနက်ကို ဒေါသထွက်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ကလော့ရဲ့ အသင်းဟာ ဂွတ်ဒီဆင်ပက်မှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက် ပြီးဆုံးသလောက် ဖြစ်သွားပြီလို့တောင် ဆိုနိုင်ပါတယ်။

ဘရန့်ဝိတ်ဟာ အဲဗာတန် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့်လည်း ပထမပိုင်းမှာ နူးနက်ဟာ ချေပဂိုး ရယူဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့်လည်း ဂိုးသမားတည့်တည့်ကို ကျုံးကန်ကာ အခွင့်အရေးကို ဖြုန်းတီးခဲ့ပါတယ်။ နဗီက လီဗာပူးရဲ့ ပေါင် ၈၅ သန်းတန် တိုက်စစ်မှုးကို အသင်းသားတွေက ဒေါသထွက်နေလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

နဗီးက “အဲဗာတန်နဲ့ပွဲမှာ လီဗာပူး ခံစစ်ပိုင်းက passing တွေက အနည်းငယ် နှေးကွေးနေတဲ့ အပြင် ပေါ့လျော့တဲ့ ကစားပုံတွေ ၊ ဘောလုံးဆုံးရှုံးမှုတွေက များခဲ့ပြီး ပြိုင်ဘက်ကို ဖရီးကစ်တွေ အများကြီး ပေးခဲ့ကာ အခွင့်အရေးကောင်းတွေလည်း လွဲချော်ခဲ့ပါတယ်။ နူးနက်ဟာ တိုးတက်အောင် ကြိုးစားနေဆဲ တိုက်စစ်မှုး တစ်ဦး ဖြစ်ပေမယ့် သူ့ကို ငွေကြေးများစွာ အကုန်ကျခံပြီး ခေါ်ယူထားခဲ့တာပါ။

ကျနော်တို့ဟာ နီကိုလပ်စ်ဂျက်ဆင်ကို အခွင့်အရေးတွေ များစွာ လွဲချော်မှု အတွက် ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါ၀င်နူးနက်ကလည်း အပိုင်အခွင့်အရေးတွေ အများကြီး လွဲချော်ထားခဲ့သူ ဖြစ်ပြီး သူ့ကို ပေးရတဲ့စျေးနဲ့ ယှဉ်မယ်ဆိုရင် ကြီးမားတဲ့ ဝေဖန်မှုကို ရသင့်ပါတယ်။

Darwin Nunez of Liverpool L and Luis Diaz of Liverpool R show a look of dejection after conceding the opening goal Everton v Liverpool, Premier League, Football, Goodison Park, Liverpool, UK – 24 Apr 2024 EDITORIAL USE ONLY No use with unauthorised audio, video, data, fixture lists, club/league logos or live services. Online in-match use limited to 120 images, no video emulation. No use in betting, games or single club/league/player publications. PUBLICATIONxINxGERxSUIxAUTxHUNxGRExMLTxCYPxROUxBULxUAExKSAxONLY Copyright: xPaulxCurrie/Shutterstockx 14447907dc

ကျနော်ဟာ ခံစစ် ကစားသမား တစ်ဦး ဖြစ်ခဲ့တာကြောင့် တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေး လွဲချော်မှုနဲ့ ပက်သက်ပြီး သိပ်ပြီး ဝေဖန်လေ့ မရှိပါဘူး။ ဒါပေမယ့် ပထမပိုင်းမှာ နူးနက်ရဲ့ အခွင့်အရေး လွဲချော်မှုကတော့…အကယ်လို့များ ကျနော့် အသင်းက တိုက်စစ်မှုး တစ်ဦးသာ ဒီလိုမျိုး အခွင့်အရေး လွဲချော်ခဲ့မယ်ဆိုရင် ကျနော် ဒေါသ အတော်ထွက်မိမှာ ဖြစ်ပါတယ်။

ဒါဟာ အတော်ဆိုးတဲ့ လွဲချော်မှုပါ။ ဒီ level မှာ ကစားနေတဲ့ တိုက်စစ်မှုး တစ်ဦး အတွက် ဒါဟာ ဂိုးပိုက်ထဲကို ရောက်နေရလောက်အောင် ရိုးရှင်းပါတယ်။ ပစ်ဖို့ဒ်ရဲ့ ညာဘက်က နေရာလွတ်ကြီးက ရှိနေခဲ့ပါတယ်။ သူ့ဆီမှာ ယုံကြည်မှု နဲ့ ဒါကို တည်ဆောက်ထားခဲ့ခြင်း မရှိတာကြောင့် ဒီလိုမျိုး ဖြစ်ခဲ့တာပါ။

တိုက်စစ်မှုးကောင်းတွေ ဆိုတာ ဒီလို အခြေအနေမျိုး ရလာတဲ့အခါမှာ ဘယ်လို လုပ်သွားရမလဲဆိုတာ သိပြီးသား ဖြစ်ပါတယ်။ သူ့ရဲ့ အသင်းဖော် ဖြစ်တဲ့ မိုဆာလား ကလည်း နူးနက် ပေးလိုက်တဲ့ ဘောလုံးကို ကန်သွင်းရာမှာ အတော်ဝေးဝေးကို မြောက်တက်သွားခဲ့ပါတယ်။ သူကလည်း ဒီပွဲမှာ ပုံမှန် စွမ်းဆောင်ရည်အောက် ရောက်နေခဲ့ပါတယ်။”