လာမယ့်ရာသီကျရင် ဘယ်မှာ ကစားမလဲ ဆိုတာ ဆုံးဖြတ်ချက်ချပြီး ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ အိုဆီမန်း

 

နာပိုလီ အသင်း ရဲ့ တိုက်စစ်မှုး အိုဆီမန်းကတော့ နောက်ဆုံး ဖြေကြားခဲ့တဲ့ အင်တာဗျုးမှာ သူ လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားမလဲ ဆိုတာ ဆုံးဖြတ်ချက် ချပြီး ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ နာပိုလီ အသင်းအတွက် ၃၁ ဂိုး အထိ သွင်းပြီး စီရီးအေ ဖလား ရရှိအောင် စွမ်းဆောင် ပေးခဲ့တဲ့ အိုဆီမန်း ကို ခေါ်ယူဖို့ လန်ဒန်ကလပ် အာဆင်နယ် နှင့် ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြတာပါ။ အိုဆီမန်း က ” ကျနော် ပရီးမီးယားလိဂ် ကို ပြောင်းမယ် ဆိုတဲ့ သတင်းတွေက လက်တစ်လော ပျံ့နှံ့နေပါတယ်။ ခင်ဗျား အနေနဲ့ ကမ္ဘာ့ အမိုက်ဆုံး တိုက်စစ်မှုး တစ်ဦး ဖြစ်နေရင် ဒီလို သတင်းမျိုးက ကြုံရမှာပါပဲ ။ ”

” အင်္ဂလန် ပရီးမီးယားလိဂ် က တစ်ကမ္ဘာလုံးမှာ အကြီးကျယ် အခမ်းနားဆုံး လိဂ်ပြိုင်ပွဲ တစ်ခုပါ။ နာပိုလီ အသင်း နဲ့ အကြောင်း ပြောရရင် ကျနော် အသင်းနဲ့ စာချုပ်သစ် ချုပ်ထားပါတယ် ၊ နာပိုလီ ကစားရတဲ့ အချိန်တွေကို ကျနော် နှစ်သက်ပါတယ်၊ ရာသီကုန်မှာ ဘာလုပ်မလဲ ဆိုတာ ကျနော် ဆုံးဖြတ် ပြီးပါပြီ ။ ”

” ကျနော့် အနေနဲ့ ကိုယ့်ကစားသမား ဘဝ မှာ ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ကစားသမား ဘဝ အစကတည်းက ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ချက် ချခဲ့တာပါ ၊ ဆုံးဖြတ်ချက်တိုင်းကလည်း အလုပ် ဖြစ်ခဲ့ပါတယ် ၊ ဒါပေမဲ့ ကျနော့်မှာ အစီအစဉ် ရှိပြီးသားပါ။ ကျနော့် ကစားသမား ဘဝ တက်လှမ်းအတွက် ကျနော် ဘာလုပ်ချင်သလဲ ဆိုတာ သိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM