ပဲလေ့စ်ကို 4-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် တန်ဟတ်ရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ဆဲလ်ဟာ့စ် ပါ့ခ် ကွင်းထဲမှာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ အဝေးကွင်းပွဲစဥ် ကစားခဲ့ရပြီး အဝေးကွင်းမှာ 4-0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။

အဆိုပါ ရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲ ကြုံတွေ့သွားခဲ့ရတာ 13 ပွဲအထိ ရှိလာခဲ့ပြီး ဒါဟာ အသင်းအတွက် စံချိန်ဆိုး တစ်ခု ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲအပြီးမှာတော့ ပရိသတ်တွေနဲ့ သတင်းသုံးသပ်သူ အချိို့က ယူနိုက်တက်တို့ တန်ဟတ်ကို ထုတ်သင့်ကြောင်း ၊ သူ့ရဲ့ နေရာကို ဘယ်သူနဲ့ အစားထိုးသွားသင့်သလဲဆိုတဲ့ အကြောင်း ပြောဆိုနေခဲ့ကြပါသေးတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က ခရစ္စတယ် ပဲလေ့စ် အသင်းကို အခုလို အရှက်တကွဲရှုံးနိမ့်သွားခဲ့လိုက်တာက ယူနိုက်တက် နည်းပြ တန်ဟတ် အတွက် ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပဲလို့ ပြောခဲ့လိုက်ပါတယ် ။

” ဒီညကတော့ နောက်ဆုံးအကြိမ် ကိုယ့်သေတွင်းကိုယ်တူးလိုက်သလို ခံစားခဲ့ရပါတယ် ။ ဒီနေ့ပွဲမှာတော့ သူတို့က ဘာလုပ်ရမလဲဆိုတဲ့ အသိစိတ် ကင်းမဲ့ခဲ့ကြသလို သူတို့ရဲ့ အားစိုက်ထုတ်မှုလည်း ကင်းမဲ့နေခဲ့ပါတယ် ။ ဒါက တကယ့်ကို မကျေမနပ် ဖြစ်စရာပါပဲ ”

” ခရစ္စတယ် ပဲလေ့စ် အသင်းဆီ သွားကစားရတာက… ကျွန်တော် ပြောတာကို အထင်မလွဲလိုက်ပါနဲ့ ၊ သူတို့ဟာ ဒီအချိန်မှာ ကစားပုံကောင်းနေခဲ့ကြတာပါ ။ ဒါပေမဲ့ ယူနိုက်တက်လို အနေအထားနဲ့ အဲ့သွားပြီး 4-0 နဲ့ ရှုံးနိမ်ခဲ့တာကြီးက အဆုံးသတ်ပြီလို့ ခံစားစေလိုက်တာပါပဲ ”

” ဒါက အဆုံးသတ်လား… ကျွန်တော် သေချာပေါက် မပြောရဲပါဘူး ။ သူတို့က အဲ့ဒီမှာ ဘာလုပ်နေခဲ့ကြတာလဲ ? သူ့အနေနဲ့ အသင်းမှာ တစ်နှစ်ထပ်နေပြီး အသင်းပိုင်ရှင် အသစ်တွေနဲ့ အလုပ်လုပ်ကောင်းလုပ်ရနိုင်တယ်လို့ခံစားမိပါတယ် ”

” ဒါပေမဲ့ အခုတော့ အဲ့ဒီလို မခံစားရပါဘူး ။ သူ့နေရာကို ဘယ်သူရောက်မလဲ? သောမတ်စ် တူချယ် က ဘိုင်ယန် မှ ထွက်မယ်လို့ ပြောထားပါတယ် ။ ဒါပေမဲ့ အဲ့တာက တန်ဟတ် အတွက် ပြသနာကြီး ဖြစ်မယ်လို့ မထင်ရသေးပါဘူး ။ သူက အခုထိ အသင်းမှာလေ ”

” ဒါပေမဲ့ အခု သူ့ကို ကြည့်ရတာ အချိန်ငှားပြီး အလုပ်လုပ်နေသလိုဖြစ်နေပြီး နောက်ဆုံးအချိန်ပဲလို့ ခံစားနေရပါပြီ ။ ဆိုးလ်ရှား ဝက်ဖို့ဒ် ကို ရှုံးခဲ့တာ ကျွန်တော် မှတ်မိပါသေးတယ် ။ အခုက အဲ့ဒီလို ဖြစ်နေပါပြီ ။ အဆုံးသတ်ပြီလို့ ခံစားနေရပါပြီ ” လို့ စခိုးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM