မော်ရင်ညို ရဲ့ မန်ယူနိုက်တက် ခေတ်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိခဲ့တဲ့ အကြောင်းကို ပြောပြသွားတဲ့ အက်ရှ်လေယန်း

 

အင်္ဂလန် တောင်ပံ ကစားသမားဟောင်း အက်ရှ်လေယန်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆယ်စုနှစ် တခုနီးပါးကြာအောင် ကစားခဲ့သူပါ ။ ယန်း ဟာ ယူနိုက်တက် နဲ့ အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပြီး အဲ့ဒီ အထဲမှာ ဂျိုဆေး မော်ရင်ညို နဲ့ အတူ ရယူနိုင်ခဲ့တဲ့ ယူရိုပါလိဂ် ၊ လိဂ်ဖလား အောင်ပွဲတွေလည်း ပါဝင်ခဲ့ ပါတယ် ။

မော်ရင်ညို ဟာ ၂၀၁၆ ခုနှစ်မှာ မန်ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့ပြီး ၂၀၁၈ နှစ်ကုန်ခါနီးမှာ ထုတ်ပယ် ခံခဲ့ရသူပါ ။ အက်ရှ်လေယန်း ကတော့ မော်ရင်ညို ရောက်ရှိလာအပြီးမှာ ယူနိုက်တက် ရဲ့ ကစားပုံတွေ ပြောင်းလဲ သွားခဲ့ရမှု ကို စိတ်ပျက်ခဲ့ရတယ်လို့ မနေ့ညက ပါဝင်ခဲ့တဲ့ Monday Night Football အစီအစဉ်မှာ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

“ဂျိုဆေး အသင်းကို ရောက်လာတော့ အားလုံးက စိတ်လှုပ်ရှားခဲ့ ကြပါတယ် ။ သူ့ရဲ့ နည်းပြဘဝမှာ ရယူခဲ့တဲ့ အရာတွေ က တကယ်ကို စိတ်လှုပ်ရှား စရာပဲလေ ။ အရင်က နေ့ရက်တွေကို ပြန်ရောက်လာတော့မယ်လို့လည်း ထင်ခဲ့ကြတာပေါ့ ။ ဒါပေမယ့် ကျွန်တော့ အတွက်တော့ တကယ် စိတ်ပျက်စရာပါပဲ”

“သူ ချဲလ်ဆီး မှာ ကစားခဲ့တာ ၊ ရီးရဲမက်ဒရစ် ၊ ပြီးတော့ ဒီကို ပြန်လာတယ် ( ချဲလ်ဆီး ) ၊ သူ့ရဲ့ ကစားဟန် က မပြောင်းလဲခဲ့ပါဘူး ။ ဒီ ( ခံစစ်အသားပေး ကစားပုံ ) ပုံစံက မန်ချက်စတာ ယူနိုက်တက် နဲ့ ကိုက်ညီတဲ့ ကစားဟန်လို့ ကျွန်တော် မထင်မိခဲ့တာပါ ။အဲ့ဒီ အချိန်တုန်းက ( ကစားပုံ ) ဒါကို ပြောဆို ဆွေးနွေးတဲ့ ကစာိးသမားတွေ ရှိခဲ့ကြပါတယ်” လို့ အက်ရှ်လေယန်း က ပြောဆိုသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR