နောက်ဆုံးရ အားကစား သတင်းများ

ဆော်ဒီကလပ် အယ်လ်အစ်တီဖတ် အသင်းနဲ့ စာချုပ်ဖျက်သိမ်း လမ်းခွဲ လာခဲ့တဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆင် ကတော့ နယ်သာလန် ကလပ် အိုင်ယက်စ် အသင်းဆီကို

 

ဒါပေမယ့် အယ်အာလီ အသင်းမှာ ကစားနေတဲ့ လီဗာပူး တိုက်စစ်မှူး ဖာမီနို ကတော့ ဆော်ဒီလိဂ်မှာ ရာသီကုန်တဲ့ အထိ ဆက်လက် ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ် ။

 

ဆော်ဒီကလပ် အယ် နက်ဆာ ကတော့ ရီးရဲ ဆိုဆီဒက် အသင်းမှာ ကစားနေတဲ့ ဂျပန် လက်ရွေးစင် ကူဘို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။ ဆော်ဒီ ကလပ်တွေဟာလည်း ရီးရဲမက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ရဲ့ သားဖြစ်သူ ဒေးဗစ်ဒီ အန်ဆယ်လော့တီ ( ရီးရဲ လက်ထောက်နည်းပြ ) ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ကြားသိရပါတယ် ။

 

ဘင်ဖီကာ အသင်းကတော့ မန်ယူနိုက်တက် လူငယ် ဘယ်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်ဇ် ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး သတ်မှတ်ပွဲအရေအတွက် ပြည့်မြောက်ပါက ယူရို ၆ သန်းနဲ့ ခေါ်ယူရမယ့်အချက် ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ် ။

 

ဘရန့်ဖိုဒ့် အသင်းရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေး ကတော့ လောင်းကစားမှုကြောင့် ၈ လ ပွဲပယ် အပြစ်ဒဏ် ကနေ မနေ့က ပြည့်မြောက်သွားခဲ့တာကြောင့် လေ့ကျင့်ခန်း ပြန်လည် ဆင်းနေပြီ ဖြစ်ကာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ချေ ရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အဲဗာတန် အသင်းဟာ ခရစ္စတယ် ပဲလေ့စ် အသင်းကို ၁-၀ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။ အဲဗာတန် အတွက် တလုံးတည်းသော ဂိုးကိုတော့ ကွင်းလယ်လူ အန်ဒရီ ဂိုးမက် က ဖရီးကစ် ကနေ ကန်သွင်း ရယူပေးခဲ့ပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းဟာ ဘိုင်ယန်မြုးနစ် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒါးဗိစ် ကို ခေါ်ယူရာမှာ ကစားသမား အလိုက်ပေး ထည့်သွင်းတဲ့ ပုံစံမျိုးနဲ့ ကမ်းလှမ်းဖို့ စိတ်ကူးနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ် ။

 

လာလီဂါ ထိပ်သီး အက်သလက်တီကို မက်ဒရစ် နဲ့ ဘာစီလိုနာ တို့ဟာ မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့လည်း သိရပါတယ် ။ ဖိလစ် ကတော့ သူ့ရဲ့ အနာဂါတ်ကို လာမယ့် ရက်သတ္တပတ်ထဲမှာ အပြီးသတ် ဆုံးဖြတ်မယ်လို့ သိရပါတယ် ။

 

စီးရီးအေ ချန်ပီယံ နာပိုလီ ကတော့ ဘုန်းမောက် အသင်းရဲ့ အိုင်ဗရီကိုစ့် တိုက်စစ်မှူး ဟာမက် ထရာအိုရေး ကို အငှား + ယူရို ၂၅ သန်း နဲ့ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ် ။

 

ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမားကြီး လူကာ မိုဒရစ် ကတော့ စပိန် အခွန်အကြီးအကဲတွေနဲ့ အမှုရင်ဆိုင်ရာမှာ အနိုင်ရခဲ့တာကြောင့် ယူရို ၃.၅ သန်း ရရှိမယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR