မန်ယူနိုက်တက် Vs အာဆင်နယ် ပွဲမှာ သူ့ရဲ့အသင်းဟောင်း ဘယ်လိုမှ အနိုင်မရနိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ ဟားဂရေဗ့်

 

ဟားဂရေဗ့် က အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ အိပ်မက် ကို မန်ယူနိုက်တက် အသင်း နှောင့်ယှက် ဖျက်ဆီးလိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေကို ငြင်းဆန်လိုက်ပြီး အိုးထရက်ဖိုဒ့် မှာ အာဆင်နယ် အသင်းပဲ အသာ ရသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ် ။

လက်ရှိ အမှတ်ပေး ဇယား ကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ လက်ကျန် ၃ ပွဲမှာ ဘုန်းမောက် ၊ မန်ယူနိုက်တက် နှင့် အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပြီး ချန်ပီယံဆုအတွက် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး လက်ကျန် ပွဲအားလုံးကို အနိုင် ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။

ဟားဂရေဗ့် ကတော့ မန်ယူနိုက်တက် Vs အာဆင်နယ် ပွဲနဲ့ ပတ်သက်ပြီး ” ယူနိုက်တက် က ဘာမှကို မှန်းမရတဲ့ အသင်း ဖြစ်နေပါပြီ ၊ စိတ်ပျက်စရာပါပဲ ၊ အိမ်ကွင်းမှာတောင် ဘန်လေ လို အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစား သွားခဲ့တာပါ ၊ ဒီလိုပွဲမျိုးက ယူနိုက်တက် နဲ့ အံ့ကိုက် ဖြစ်ပါတယ် ၊ တန်ပြန်တိုက်စစ် ကစားပြီး အာဆင်နယ် အသင်းကို ဒုက္ခပေးလို့ ရတဲ့ ပွဲပေါ့ ။ ”

” ဒါပေမဲ့ အာတီတာက ယူနိုက်တက် အသင်း ရဲ့ ခြိမ်းခြောက်မှုတွေကို game plan ကောင်းကောင်းနဲ့ ချေဖျက် ပြပါလိမ့်မယ် ။ ဒါကြောင့် အာဆင်နယ် အသင်းပဲ ယူနိုက်တက်ကို အနိုင်ယူသွားလိမ့်မယ်လို့ ထင်ပါတယ် ၊ ယူနိုက်တက် က ပွဲကို မထိန်းချုပ် နိုင်ပါဘူး ၊ သူတို့ ကွင်းလယ်က ပွင့်ထွက်နေတာပါ ၊ အာဆင်နယ် ကွင်းလယ်က အော်ဒီဂတ် ၊ ရိုက်စ်တို့နဲ့ အတူ သိပ်ကောင်းပါတယ် ၊ဒါကြောင့် ယူနိုက်တက် အသင်း အာဆင်နယ် ကို ဒုက္ခပေးနိုင်မယ်လို့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM