နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ် အသင်းဟာ ဘာစီလိုနာ အသင်းကို ၄-၁ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး ဗိုလ်စွဲ သွားခဲ့ပါတယ် ။ ရီးရဲမက်ဒရစ် အတွက် တောင်ပံ ကစားသမား ဗီနီရှပ် ဂျူနီယာ က ဟက်ထရစ် သွင်းယူပေးသွားခဲ့ ပါတယ် ။

 

ပရီးမီးယားလိဂ် မှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတို့ တဘက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ဘိုင်ယန်မြုးနစ် အသင်းဟာ PSG နောက်ခံလူ မူကီလီ ကို စိတ်ဝင်စား နေတာ မှန်ကန်ကြောင်း အသင်း ဒါရိုက်တာ ဖရန်းဒ် က ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ဂျိုရှုအာ ကင်မစ်ချ် နဲ့ အလဲအထပ် ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေကိုတော့ ပြက်ရယ်ပြု ငြင်းဆိုသွားခဲ့ ပါတယ် ။

 

မာဆေး နောက်ခံလူ ရီနန် လိုဒီ ကတော့ ဆော်ဒီ ကလပ် အယ်ဟီလေ အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိ တော့မယ်လို့ သိရပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားလေး ဟန်နီဘယ် ဟာလည်း စပိန် ကလပ် ဆီဗီးလား အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ဖို့ စပိန်ကို ထွက်ခွာ သွားခဲ့ပါပြီ ။ ဆီဗီးလား ဟာ အငှားပြည့်ချိန်မှာ ဟန်နီဘယ် ကို ယူရို သန်း ၂၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ရရှိထားပါတယ် ။

 

အီတလီ စီးရီးအေကလပ် ယူဗင်တပ် ကတော့ ပြင်သစ် ကလပ် လိုက်လီ အသင်းရဲ့ ပေါ်တူဂီ ခံစစ်မှူး တီယာဂို ဂျာလို ကို ခေါ်ယူနိုင်တော့မယ်လို့ ကြားသိရပါတယ် ။

 

ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုက်တာ ဒေကို ကတော့ စူပါဖလား ရလဒ်ဟာ နည်းပြ ဇာဗီ ရဲ့ အနာဂါတ် အပေါ် သက်ရောက်မှု မရှိဘဲ အရင် အစီအစဉ်အတိုင်းပဲ ဆက်သွားနေမယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

 

SPORTS MYANMAR