ရိုက်စ် မရှိတာကြောင့် ချဲလ်ဆီး အသင်းကို ဂိုးပြတ် အရေးနိမ့် ခဲ့ရတာ ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဒေးဗစ်မိုယက်စ်

 

လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းကို ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ ဝက်စ်ဟမ်း အသင်း နည်းပြ ဒေးဗစ် မိုယက်စ် က အင်္ဂလန် ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ရိုက်စ် ကို လက်လွှတ်ခဲ့ရတာဟာ သူတို့ရဲ့ အကြီးမားဆုံး နစ်နာ ဆုံးရှုံးမှု ဖြစ်သွားတယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဒက်ကလန်ရိုက်စ် ကို အာဆင်နယ် အသင်းထံ ပေါင် ၁၀၅ သန်း နဲ့ ရောင်းချ ခဲ့တာ ဖြစ်ပါတယ် ။ ရိုက်စ် ဟာ အာဆင်နယ် အသင်း ရဲ့ ဒီရာသီ ချန်ပီယံ အတွက် ယှဉ်ပြိုင်မှုမှာ အဓိက ကျတဲ့ ကစားသမား ဖြစ်နေပြီး ၇ ဂိုးသွင်း ၊ ၈ ဂိုးအထိ ဖန်တီး ထားပါတယ် ။

ရိုက်စ် ထွက်ခွာ သွားပြီးနောက်ပိုင်း ဝက်စ်ဟမ်း အသင်း ရဲ့ ခံစစ် ဟာ သိသိသာသာကို အားနည်း သွားခဲ့ပြီး ပရီးမီးယားလိဂ် မှာ ပေးဂိုး ၇၀ အထိ ဂိုးပေး ထားရကာ ၅ ဂိုး နှင့် အထက် ပေးရတဲ့ ပွဲ ၄ ပွဲ ရှိပါတယ်။ ဝက်စ်ဟမ်း အသင်း နည်းပြ မိုယက်စ် က ဒီရာသီ အဝေးကွင်း ရလဒ် ဆိုးရွားနေတဲ့ အပေါ် ” ဒက်ကလန်ရိုက်စ်ကြောင့်ပေါ့ဗျာ ။ ”

” ဒီနိုင်ငံရဲ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ကို ပိုင်ဆိုင် ထားတယ်ဆိုရင် ခင်ဗျားတို့ အနေနဲ့ တစ်ဖက် အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို ၅၀ ရာခိုင်နှိုင်းလောက်ပဲ ဟန့်တား နိုင်ရင်တောင် ခံစစ် က ပိုပြီး ကောင်းမွန် သွားမှာပါ ။ ”

” ကျနော်တို့ မှာ ဖြစ်နေတာက ခံစစ် လေးယောက်တန်း ရှေ့မှာ ကာကွယ် ပေးမယ့်သူ မရှိ ဖြစ်နေတာပါပဲ ။ အဲ့ဒီလို လူ မရှိတော့ ခံစစ် စွမ်းဆောင်ရည်လည်း လုံလောက်အောင် မကောင်း ၊ ခံစစ်ကို လုံလုံလောက်လောက်လည်း အကာကွယ် မပေးနိုင်သလို ဖြစ်‌နေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM