အာဆင်နယ် အသင်း အနိုင်နဲ့ ထိုက်တန်ပေမယ့် ပင်နယ်တီ ကတော့ မဖြစ်သင့်ဘူးလို့ ဝေဖန်လိုက်တဲ့ ဘုန်းမောက် နည်းပြ

ဘုန်းမောက်အသင်း ရဲ့ နည်းပြ အန်ဒိုနီ အီရာအိုလာ က အာဆင်နယ် အသင်းကို ၃ ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ သူတို့ အသင်းဟာ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် နစ်ခုကြောင့် အများကြီး ထိခိုက် နစ်နာ ခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနားတို့ဟာ ဘုန်းမောက် နဲ့ ပွဲမှာ ပထမပိုင်း အတွင်း ဂိုးပေါက် ကန်သွင်းမှု ၁၆ ကြိမ် အထိရှိခဲ့ပေမယ့် အခွင့်အရေးတွေကို ဖြုန်းတီး နေခဲ့ပြီး ပထမပိုင်းပြီးခါနီး ဟားဗတ်ဇ် ကြောင့် ရရှိတဲ့ ပင်နယ်တီ ကနေမှ ဦးဆောင်ဂိုး ရခဲ့တာပါ ။ အာဆင်နယ် အသင်း ရရှိ သွားတဲ့ ပင်နယ်တီဟာ ပရိသတ်တွေကြားထဲ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး ဘုန်းမောက် အသင်း နည်းပြ အီရာအိုလာ ကလည်း ဟားဗတ်ဇ် ဟာ ထရာဗားစ် ကို တိုက်ပြီး ပင်နယ်တီ ရယူ သွားခဲ့တာ ဖြစ်တယ်လို့ ဝေဖန် ခဲ့ပါတယ်။

” ထရာဗားစ် တစ်ယောက် ကံမကောင်းသွားခဲ့ဘူးလို့ ဆိုရမှာပေါ့ဗျာ ။ ပင်နယ်တီ ပေးရမယ့် အနေအထားလို့ မမြင်ပါဘူး ၊ ဟားဗတ်ဇ် က သူ့ကို ဝင်တိုက်ခဲ့ပြီး ဒိုင်ဗင်ပစ် ပင်နယ်တီ ရယူ သွားခဲ့တာပါ ၊ ပင်နယ်တီ လိုချင်နေတဲ့ ကစားသမားကိုမှ ပင်နယ်တီ ပေးလိုက် မိသလို ဖြစ်သွားခဲ့တာပါပဲ ။ ဟားဗတ်ဇ် ရဲ့ ပါးနပ်တဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ”

” ဒါပေမဲ့ ကျနော် နားမလည် နိုင်တာက VAR က ဘာကြောင့် ပြန်ပြီး မပယ်ဖျက်တာလဲ ဆိုတာကိုပါ ။ တကယ် နားမလည် နိုင်တာပါ ၊ သူတို့ကိုကျ ပြစ်ဒဏ်ဘောပေးမယ့် ဒိုင်လူကြီး က သူ့ရှေ့တစ်မီတာလောက်မှာ ဖြစ်သွားတဲ့ ဘေးလင်း အပေါ် ပြစ်ဒဏ် ကျူးလွန်မှုကမှ ပိုပြီး ထင်သာ မြင်သာ ရှိပါဦးမယ် ။ အဲ့ဒီ ဆုံးဖြတ်ချက်တွေက ပွဲကို အဓိက အဆုံးအဖြတ် ဖြစ်သွားစေခဲ့တာပါ ။ ”

” ကျနော် ထပ်ပြောပါမယ် ၊ သူတို့ အနိုင်ရဖို့ တကယ် ထိုက်တန်ပါတယ် ၊ ကျနော်တို့ထက်လည်း အများကြီး ပိုကောင်းပါတယ် ၊ ဒါပေမဲ့ ဒီလို အနေအထားမျိုး ဖြစ်ရမယ့် ပွဲ မဟုတ်ပါဘူး ၊ သူတို့က ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေတာမှန်း သိပါတယ် ၊ ကျနော်တို့ ကလည်း အဆင့်ကောင်းတစ်ခုမှာ ရှိ‌နေတာပါ ၊ ဒါပေမဲ့ ပွဲအတွင်း အဓိက အခိုက်အတန့်တွေမှာ ကျနော်တို့ မျက်နှာသာ မရခဲ့ပါဘူး ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM