FA ဖလား ဆွတ်ခူးရေး အပေါ် မှတ်ချက်ပေးလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ DW အားကစားကွင်းထဲ ဝီဂန် အသင်းနဲ့ FA ဖလား round 3 ပွဲစဥ် ကစားခဲ့ရပြီး 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့ကာ round 4 အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ ဂိုးပေါက်း ခြိမ်းခြောက်မှုတွေ အများကြီး လုပ်နိုင်ခဲ့ပြီး ဂိုးရသင့်တဲ့ အခွင့်အရေးတွေလည်း အများကြီး ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဂိုးကံခေမှု နဲ့ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် 2 ဂိုးသာ ရခဲ့ပါတယ် ။

ဒီပွဲမှာ ယူနိုက်တက် အတွက် ဂိုးတွေကို ဒီယိုဂို ဒါးလော့ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်အပြီးမှာ ယူနိုက်တက် နည်းပြ တန်ဟတ် က ဒီပြိုင်ပွဲကို လူတိုင်း ဆွတ်ခူးချင်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ လူတကာ ဆွတ်ခူးလိုကြတဲ့ ထူးကဲလှတဲ့ ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ် ။ မန်နေဂျာ တိုင်းက ဒါကို ဆွတ်ခူးဖို့ စိတ်အားထက်သန်နေသူတွေချည်းပါပဲ ။ ကျွန်တော်တို့ ဒီပြိုင်ပွဲကို အလေးအနက်ထား ယှဥ်ပြိုင်သွားကြမှာပါ ”

” ကျွန်တော်တို့ အသင်းမှာ ဒဏ်ရာ ပြသနာတွေ ၊ နေမကောင်း ဖြစ်တာတွေ အများကြီး ရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ တောင့်တင်းတဲ့အသင်းအဖြစ် ရှိနေနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့မှာ အသင်းကောင်း တစ်သင်း ရှိနေပါတယ် ”

” ကျွန်တော်တို့ အရင်ထဲက ယုံကြည်မှု ရှိခဲ့ကြပါတယ် ။ ဒီပွဲကို ကျွန်တော်တို့ နိုင်ကိုနိုင်ရမယ်လေ ။ ခင်ဗျားတို့ ဒီမှာ ဘယ်ပြိုင်ဖက်ကိုမှ လျှော့တွက်လို့ မရနိုင်ပါဘူး ။ သူတို့ဟာ ဘဝအတွက် တိုက်ပွဲဝင်မယ်ဆိုတာ ခင်ဗျားတို့ သိနေတယ်လေ ”

” ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးဆိုတာ သူတို့အတွက် ဘဝမို့လို့ပါပဲ ။ ကျွန်တော်တို့ ဒီပွဲကို အကောင်းဆုံး ယှဥ်ပြိုင် နိုင်ခဲ့ကြပါတယ် ” လို့ အဲရစ် တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar