နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ FA Cup တတိယအဆင့် နောက်ဆုံး ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝီဂန် အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး နောက်တဆင့်ကို တက်လှမ်းသွားခဲ့ ပါတယ် ။ မန်ယူနိုက်တက် အတွက် နောက်ခံလူ ဒါးလော့ နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် တို့က သွင်းယူပေးခဲ့ ကြတာပါ ။

 

FA Cup စတုတ္ထအဆင့် မဲခွဲမှုမှာတော့ စပါး နဲ့ မန်စီးတီး ၊ ချဲလ်ဆိး နဲ့ ဗီလာ ၊ ဖူလ်ဟမ် နဲ့ နယူးကာဆယ် ပွဲစဉ်တွေ ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတွေ ဖြစ်လာစေခဲ့ပါတယ် ။ လီဗာပူး ကတော့ နောဝှစ်ချ် နဲ့ ဘရစ်စတိုး တို့ ပြန်ကန်ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မန်ယူနိုက်တက် ကတော့ နယူးပိုဒ့် ကောင်တီ နဲ့ အိစ်လိုက် အသင်းတို့ ပွဲက အနိုင်ရလာမယ့် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ် ။

 

PSG တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ရဲ့ အသိုင်းအဝိုင်း ကတော့ ရီးရဲမက်ဒရစ် အသင်းနဲ့ သဘောတူညီမှု ရရှိထားပြီးပြီ ဆိုတာတွေကို ငြင်းဆန်သွားခဲ့ ပါတယ် ။

ဘာပေ ဟာ လက်ရှိမှာ PSG နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လ အတွင်း ရောက်ရှိနေပြီ ဖြစ်ကာ အခြားအသင်းတွေနဲ့ အကြိုသဘောတူညီမှု ရယူထားနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ကိုပါဒယ်ရေး ဖလားပွဲ အတွက် ပြင်ဆင် လေ့ကျင့်နေကြပြီး လူငယ်လေး ပက်ဒရီ ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် လေ့ကျင့်ခန်း အစီအစဉ်ျျွာ ပြန်လည် ပါဝင်လာခဲ့တယ်လို့ သိရပါတယ် ။ ဒါပေမယ့် ကွင်းလယ်လူ ဂွမ်ဒိုဝမ် နဲ့ ခံစစ်မှူး မာတီနက် တို့ကတော့ မပါဝင်လာကြသေးပါဘူး ။

 

ပေါ်တူဂီ နည်းပြကြီး ဂျိုဆေး မော်ရင်ညို ကတော့ သူ့ရဲ့ အနာဂါတ်ကို ရိုးမား နည်းပြအဖြစ်နဲ့သာ ဆက်လက် ပုံဖော် ထားတယ်လို့ သိရပါတယ် ။

 

ဘရာဇီး လက်ရွေးစင် အသင်းကတော့ ဆာအိုပေါ်လို နည်းပြ ဒေါ်ရီဗယ် ဂျူနီယာ ကို လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် နည်းပြ အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ် ။

 

ဘိုင်ယန်မြုးနစ် ဝါရင့် ကစားသမားကြီး သောမတ်စ် မူလာ ဟာ ဘိုင်ယန်မှာပဲ ဆက်လက် ကစားသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း သိရပါတယ် ။

 

အာဆင်နယ် ဟာ အခုတပတ်ထဲမှာ ဒူဘိုင်း ကို ရက်တို အနားယူ လေ့ကျင့်ရေး ခရီး ထွက်ခွာမှာ ဖြစ်ပြီး ကစားသမားတွေရဲ့ မိသားစုဝင်တွေကို လိုက်ပါခွင့် ပေးထားတယ်လို့ ကြားသိရပါတယ် ။

 

နယ်သာလန်ကလပ် PSV အသင်းဟာ မန်ယူနိုက်တက် လူငယ် တောင်ပံ ကစားသမားလေး ပယ်လီစထရီ ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

SPORTS MYANMAR