နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ စီးတီး အရန် ဂိုးသမား ဇက် စတက်ဖန် ဟာ အမေရိက မေဂျာလိဂ် ကလပ် ကော်လိုရာဒို ရက်ပစ် အသင်းဆီ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ကာ ဆေးစစ်မှု ပြုလုပ်တော့မယ်လို့ သိရပါတယ် ။

 

တော့တင်ဟမ် ဟော့စပးါ အသင်းဟာ သူ့ရဲ့ ကစားသမားကို လာရောက် ဆက်သွယ်ထားတယ်လို့ ဂျီနိုအာ အသင်း နောက်ခံလူ ဒရာဂူဆင် ရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ် ။

 

အက်စတွန်ဗီလာ အသင်းရဲ့ တိုက်စစ်သမား ဂျွန် ဒူရန် ကို အေစီမီလန် အသင်းက ချိတ်ဆက်မှု ပြုလုပ်နေတယ်လို့ ကြားသိရပါတယ် ။

 

ဒေါ့မွန် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဂျေဒန် ဆန်ချို ရဲ့ အပြောင်းအရွှေ့ အတွက် အရှိန်မြင့် လုပ်ဆောင် နေကြပါတယ် ။ ဒေါ့မွန် ဟာ လာမယ့် ရက်သတ္တပတ် လေ့ကျင့်ခန်း အစီအစဉ်အမီ ဆန်ချို ကို လာရောက် ပူးပေါင်းဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ် ။

 

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ သူတို့ အသင်းအနေနဲ့ ဘာပေ ၊ ဟာလန်း တို့လို ကစားသမားမျိုးတွေကို ခေါ်ယူနိုင်ဖို့ အခြေအနေ မရှိသေးပါဘူးလို့ ထုတ်ဖော်ပြောဆို လာခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ ဗစ်တာရော့ကေး ကို လာလီဂါ ကစားသမားအဖြစ် ( ဂါဗီ နဲ့ အစားထိုး ) စာရင်းသွင်း မှတ်ပုံတင် ခဲ့ပြီ ဖြစ်ကာ လာမယ့် လာ့စ် ပါးမက်စ် နဲ့ ပွဲစဉ်မှာ ထည့်သွင်း အသုံးပြုနိုင်မယ်လို့ သိရပါတယ် ။ ဗစ်တာ ရော့ကေး ဟာ ဘာဆာ မှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။

 

မနေ့ညက ကစားခဲ့တဲ့ ကိုပါ အီတလီယာ ဖလား ပွဲစဉ်မှာတော့ ရိုးမား အသင်းဟာ ခရီမိုနီးစီး အသင်း ကို ၂-၀ နဲ့ အနိုင် ရရှိပြီး နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

 

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် နဲ့ ဂီရိုနာ တို့ အမှတ်တူနဲ့ ဆက်လက် ယှဉ်ပြိုင် နေကြပါတယ် ။ ဂီရိုနာ အသင်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို အိမ်ကွင်းမှာ ဂိုးအပြန်အလှန် သွင်းပြီး ၄-၃ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။ အေတီကို ဘက်က တိုက်စစ်မှူး မိုရာတာ ဟက်ထရစ် သွင်းပေးခဲ့ပေမယ့် အသင်းကိုတော့ မကယ်တင် နိုင်ခဲ့ပါဘူး ။ ရီးရဲမက်ဒရစ် ကတော့ မာယော့ကာ အသင်းကို အန်တိုနီယို ရူဒီဂါ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ် ။

 

SPORTS MYANMAR