နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်နောက်ခံလူ ဆာဂျီယို ရီဂွီလွန် ရဲ့ အငှားစာချုပ်ကို ၂ ဦး ၂ ဘက် သဘောတူ ဖျက်သိမ်းလိုက်ပါတယ် ။ ဒါကြောင့် ရီဂွီလွန် ဟာ စပါးကို ပြန်ရတော့မှာ ဖြစ်ပေမယ့် လန်ဒန် ကလပ်မှာ ဆက်မနေဘဲ အခြားအသင်းတသင်းဆီ ဆက်လက် ပြောင်းရွှေ့ ကစားသွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ် ။

 

ဒေါ့မွန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် မှာ ကစားခွင့် မရရှိတော့တဲ့ တောင်ပံ ကစားသမားဟောင်း ဂျေဒန် ဆန်ချို ကို အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

ယူနိုက်တက် ကတော့ အတ္တလန်တာ ကွင်းလယ် ကစားသမား အီဒါဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

 

ခရစ္စတယ် ပဲလေ့စ် အသင်းကလည်း နော်တင်ဟမ် ဖောရက်စ် အသင်းမှာ အငှားထွက် ကစားနေတဲ့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဒရီ ဆန်းတိုစ့် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

 

ဘင်ဖီကာ အသင်းကတော့ ဆန်းတိုစ့် အသင်းမှာ ကစားနေတဲ့ ဘရာဇီး တိုက်စစ်မှူး မားကိုစ့် လီယိုနာဒို ကို ယူရို ၁၈ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ် ။

 

စီးရီးအေ ထိပ်သီး ယူဗင်တပ် ကတော့ မွန်တီနီဂရိုး ထိပ်သီးကလပ် Buducnost Podgorica အသင်းရဲ့ လူငယ် ကစားသမားလေး ဗာဆီလီ အဇစ် ကို ယူရို ၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းကတော့ ဆွီဒင် ကလပ် Djurgardens အသင်း မှာ ကစားနေတဲ့ ၁၇ နှစ် အရွယ် ကစားသမားလေး လူးကပ်စ် ဗာ့ဂ်ဗဲလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဆွီဒင် ကလပ် ဘက်က ယူရို ၁၅ သန်း တောင်းဆိုနေမှုကြောင့် မပျော်မရွှင် ဖြစ်နေတယ်လို့ ကြားသိရပါတယ် ။

 

ဘိုင်ယန်မြုးနစ် အသင်းမှာ ကစားနေတဲ့ နောက်ခံလူ ကင်မင်ဂျေး ဟာ ၂၀၂၃ ခုနှစ် အတွက် တောင်ကိုရီးယား နိုင်ငံ ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရပါတယ် ။ ဒါဟာ ဆွန်ယောင်မင် ၄ နှစ် ဆက်တိုက် လွှမ်းမိုးနေမှုကို အဆုံးသတ် နိုင်ခဲ့တာလည်း ဖြစ်စေခဲ့တာပါ ။

 

SPORTS MYANMAR