နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လီဗာပူး အသင်းဟာ နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ ၄-၂ နဲ့ အနိုင် ရရှိပြီး နှစ်သစ်ကို အဖွင့်လှပခဲ့ ပါတယ် ။ လီဗာပူး အတွက် မိုဆာလာ ၊ ဂတ်ပို ၊ ကာတစ် ဂျုံးစ် တို့က သွင်းယူပေးခဲ့ကြတာပါ ။

 

လီဗာပူး ကွင်းလယ်လူ ဆိုဘော့စ်လိုင်း ကတော့ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ နည်းပြကြီး ဂျာဂင် ကလော့ က ထုတ်ဖော်ပြောဆို လာခဲ့ပါတယ် ။

 

အာဆင်နယ် အသင်းကတော့ ဂျပန် နောက်ခံလူ တိုမီယာဆု ရဲ့ စာချုပ်သစ် ချုပ်ဆိုရေး ကိစ္စအတွက် နောက်ဆုံး အပြီးသတ်နိုင်တော့မယ့် အဆင့်ကို ရောက်ရှိနေပြီလို့ ကြားသိရပါတယ် ။

စာချုပ်သစ်မှာ တိုမီယာဆု ဟာ လုပ်ခလစာ တိုးမြှင့် ရရှိမှာဖြစ်ပြီး နှစ်ရှည် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ် ။

 

နယူးကာဆယ် ရဲ့ အားထားရတဲ့ နောက်ခံလူ ထရစ်ပီယာ နဲ့ တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင် တို့ဟာ ဒဏ်ရာ အသီးသီး ရရှိထားပြီး မနေ့ညက လီဗာပူး နဲ့ပွဲကိုလည်း မပါဝင် နိုင်ခဲ့ကြပါဘူး ။

 

လီဗာပူး ဟာ လိုက်ပ်ဇစ် ကနေ ပြန်ခေါ်ယူထားတဲ့ ပေါ်တူဂီ ကစားသမားလေး ဖေဘီယို ကာဗယ်ဟို ကို ပြန်လည် အငှားချ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ လက်စတာ စီးတီး က ကာဗယ်ဟို ကို အငှားနဲ့ ခေါ်ယူခွင့် ရဖို့ ကြိုးစား နေပြီး အခြား အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

 

အင်တာမီလန် အသင်းကတော့ ကလပ် ဘရုဂျ် အသင်းမှာ ကစားနေတဲ့ ကနေဒါ လက်ရွေးစင် ကစားသမား ဘူချာနန် အတွက် ယူရို ၇ သန်း ပေးချေ ပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။

 

ဝက်စ်ဟမ်း အသင်းကတော့ ချက် ကွင်းလယ်လူ တိုမက်စ် ဆူချက် ကို ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR