နေရာ နှစ်ခုကို တိုးတက်အောင် မလုပ်နိုင်ရင် သူတို့ ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ အာတီတာ

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ က လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို အရေးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ ဧရိယာ နှစ်ခု အတွင်း တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်နေကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနားတို့ဟာ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲမှာ ဂိုးကန်သွင်းချက် အကြိမ် ၃၀ ၊ ဂိုးပေါက်တည့် ကန်ချက် ၈ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၇၇ ကြိမ် အထိ ရှိခဲ့ပေမယ့် သွင်းဂိုး တစ်ဂိုး မှ မသွင်းနိုင်ဘဲ အရေးနိမ့် ခဲ့ရတာ ဖြစ်ပါတယ် ။

အာတီတာ က သူ့အသင်းဟာ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း တိုက်စစ် စွမ်းဆောင်ရည် တိုးတက် ကောင်းမွန်ဖို့ လိုအပ်သလို ကိုယ့်ဂိုးဧရိယာ အတွင်းမှာလည်း ခံစစ် စွမ်းဆောင်ရည် ကျစ်လစ် ကောင်းမွန်ဖို့ လိုအပ်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

အာတီတာက အာဆင်နယ် အသင်း ဒီရာသီ ချန်ပီယံ ဖြစ်နိုင်သလား ဆိုတဲ့ မေးခွန်းကို ” ဂိုးဧရိယာ box တွေထဲမှာ တိုးတက်မှု မရှိလာဘူး ဆိုရင်တော့ ကျနော်တို့ ချန်ပီယံ မဖြစ်နိုင်ပါဘူး ။ ကျနော်တို့ အနေနဲ့ ကြိုးစား ကစားမယ် ၊ ပိုကောင်းအောင် ကစားမယ် ၊ ပွဲတွေကို အနိုင်ရအောင် ကစားနိုင်မယ် ဆိုရင် ကျနော်တို့ ပွဲတွေ အများကြီး အနိုင် ရပါလိမ့်မယ် ။ ”

” ကျနော်တို့ အနေနဲ့ ကိုယ် လုပ်ရမယ့် အရာတွေကို လုပ်နေဖို့ လိုအပ်ပါတယ် ။ တခြား အသင်းတွေကို လိုက်ကြည့် နေလို့ မရပါဘူး ၊ အသင်းတွေ က တစ်နေ့ နှင့် တစ်နေ့ ဘယ်လို ခက်ခက်ခဲခဲ ကစားနေကြရသလဲ ဆိုတာ ခင်ဗျားတို့လည်း တွေ့ကြမှာပါ။ ရှေ့လျှောက်လည်း ဒီလိုပဲ ဆက်ဖြစ်နေဦးမှာပါ ၊ ဒီလိဂ် ရဲ့ အဆင့်အတန်းက တကယ့်ကို အံ့မခန်း ဖြစ်နေတာလေ ။ ”

SM