ရွှေလက်အိတ်ရှင် ဂန်းနား ၊ လူထပ်တိုးပေးတဲ့ ယူရို ၊ အသင်းဟောင်းကို ပြန်သွားမယ့် ဆေးလ်ဗား တို့နဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် ကစားသမား ခွင့်ပြုချက်ကို ယခင် ၂၃ ယောက် အစား ၂၆ ယောက်အထိ တိုးမြှင့် ခွင့်ပြု ပေးလိုက်တယ်လို့ မနေ့ညပိုင်းက ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

မနေ့ညတုန်းက လူတန်တောင်း နဲ့ ပွဲစဉ်မှာ အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့် ဂိုးပေးလိုက်ရတာကြောင့် အာဆင်နယ် ဂိုးသမား ဒါးဗစ် ယာဟာ ဟာ ရာသီမကုန်ခင်မှာဘဲ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ဆွတ်ခူး ရရှိဖို့ သေချာသွားခဲ့ ပါတယ် ။

ချဲလ်ဆီး ကနေ ရာသီအကုန်မှာ ထွက်ခွာမယ့် ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ကတော့ အသင်းဟောင်း ဖလူမင်နီးစ် ကို ပြန်သွား ကစားဖို့ သေချာသလောက် ရှိနေပြီး နှုတ်သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သိရပါတယ် ။

ဒေါ့မွန် အသင်းမှာ ၁၂ နှစ်ကျော် ကစားခဲ့တဲ့ ဝါရင့် ကစားသမားကြီး မာကို ရွိုက်စ် ကတော့ ရာသီအကုန်မှာ ဂျာမန် ကလပ်ကနေ ထွက်ခွာမယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ ပါတယ် ။ သတင်းတွေ အရတော့ မာကို ရွိုက်စ် ဟာ မေဂျာလိဂ် ကို ပြောင်းရွှေ့ ကစားနိုင်ချေ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ် ။

ရီးရဲ နဲ့ ရာသီအကုန်မှာ လမ်းခွဲတော့မယ့် အသင်းခေါင်းဆောင် နာချို ဖာနန်ဒက်ဇ် ကတော့ မေဂျာလိဂ် က ကမ်းလှမ်းမှု ကို ငြင်းပယ်ထားတယ်လို့ ကြားသိရပါတယ် ။

ရီးရဲမက်ဒရစ် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဟမ် ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ကတည်းက ကြံ့ခိုင်မှု မပြည့်၀ သေးဘဲ အခုလက်ရှိမှာလည်း ကြံ့ခိုင်မှု ပြည့်ပြည့်၀၀ မရှိနေသေးပါဘူးလို့ နည်းပြကြီး အန်ဆယ်လော့တီ က ပြောဆို သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူဟာ အိုးထရက်ဖိုဒ့် ပဲ့ကိုင်ရှင် အဖြစ် ဆက်ရှိနေဦးမယ်လို့ ခိုင်ခိုင် မာမာ ယုံကြည်ထားပြီး အသင်းနဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေး ပြောဆိုနေပြီလို့ ထုတ်ဖော် ပြောပြသွားခဲ့ ပါတယ် ။

ဘိုလော့ညာ နည်းပြ သီယာဂို မော့တာ ကတော့ အီတလီ ကလပ် နဲ့ သူ့ရဲ့ အနာဂါတ် ဟာ မသေချာတဲ့ အနေအထားမှာ ရှိနေပြီး နွေရာသီမှာ အသင်းသစ်ကို ပြောင်းရွှေ့ ကိုင်တွယ်ဖို့ အလားအလာ ရှိနေတာကို ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

အေစီမီလန် နည်းပြဟောင်း ဂတ်တူဆို ကိုတော့ ဆော်ဒီ ပရိုလိဂ် ကလပ် တသင်းက ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့ ကြားသိရပါတယ် ။

ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီ ကတော့ သူဟာ ဘရိုက်တန် မှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့် ထားကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ကတော့ နည်းပြ ဒေးဗစ် မိုရက်စ် နဲ့ ရာသီအကုန်မှာ လမ်းခွဲတော့မှာဖြစ်ပြီး အေစီမီလန် နဲ့ ဆွေးနွေးမှု အဆင်မပြေ ဖြစ်နေတဲ့ ဝုဗ် နည်းပြ လိုပီတီဂွီ ကို အစားထိုး ခန့်အပ်ဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

မန်စီးတီး ကြယ်ပွင့်လေး ဖီးလ်ဖိုဒန် ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီ အတွက် အားကစား ကလောင်ရှင်တွေက ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ် ။

SPORTS MYANMAR