ဂျေးဇု အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတီတာ

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဆင်နယ် တိုက်စစ်မှူး ဂျေးဇု ဟာ နွေရာသီမှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာ ကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန် လိုက်ပြီး ဂျေးဇု ကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း ငြင်းဆို သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဘရာဇီး တိုက်စစ်မှုး ဂျေးဇု အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားပြီး သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာ ရပါက ရောင်းချကာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ပြန်လည် ခေါ်ယူ သွားမယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာပါ ။

၂၀၂၂ ခုနှစ်မှာ မန်စီးတီး အသင်းကနေ ရောက်ရှိလာတဲ့ ဂျေးဇု ဟာ အာဆင်နယ် အသင်းနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ် ။ အာတီတာ ကတော့ ဂျေးဇု နဲ့ လမ်းခွဲဖို့ အစီအစဉ် မရှိကြောင်း ဘုန်းမောက် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

” ဒီသတင်းတွေ ဘယ်ကလာသလဲ ကျနော် မသိပါဘူး ၊ ဒါပေမဲ့ သူ အသင်းကနေ ထွက်ခွာဖို့ လုံးဝ မရှိပါဘူး ။ ” လို့ ငြင်းဆန် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီကနေ့ညမှာ ဘုန်းမောက် အသင်း ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

SM