နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတီး အသင်းဟာ ခရစ္စတယ် ပဲလေ့စ် အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျသွားခဲ့ ပါတယ် ။ ဒါကြောင့် လီဗာပူး နဲ့ အာဆင်နယ် တို့သာ နိုင်ပွဲ ရရှိခဲ့မယ် ဆိုရင် မန်စီးတီး နဲ့ အမှတ်ထပ်ပြတ်သွားတော့မှာ ဖြစ်ပြီး ပက် ဂွာဒီယိုလာ ရဲ့ ၄ နှစ်ဆက် အမှတ်ပေး ချန်ပီယံဆု စိတ်ကူးတွေ ပိုမို ခက်ခဲလာတော့မှာ ဖြစ်ပါတယ် ။

 

နယူးကာဆယ် ကတော့ အိမ်ကွင်းမှာ ဖူလ်ဟမ် အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ် ။ အဲဗာတန် ကတော့ နိုင်ပွဲဆက်နေပြီး ဘန်လေ အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားသွားနိုင်ခဲ့ ပါတယ် ။

 

ဘုန်းမောက် နဲ့ လူတန်တောင်း အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပွဲကစားနေချိန်မှာ လူတန်တောင်း အသင်း ကပ္ပတိန် နှလုံးဖောက် လဲကျခဲ့တာကြောင့် ပွဲရပ်ဆိုင်းခဲ့ရပါတယ် ။ လက်ရှိမှာတော့ အဆိုပါ ကပ္ပတိန် ဟာ ကျန်းမာရေး ပြန်လည် ကောင်းမွန် သက်သာလာပြီလို့ သိရှိရပါတယ် ။

 

စပိန် လာလီဂါ ပွဲစဉ်မှာလည်း ဘာစီလိုနာ အသင်းဟာ ဗလင်စီယာ အသင်းကို အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျသွား ခဲ့တာကြောင့် အမှတ်ပေး ဇယားထိပ်က အသင်းတွေနဲ့ ပိုမို အမှတ်ပြတ်လာဖွယ် ရှိလာခဲ့ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်းကလည်း ဘီဘာအို အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

 

စပိန် ကလပ် ဆီဗီးလား အသင်းဟာ ဂီတာဖေး အသင်းကို ၃-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ အပြီးမှာတော့ နည်းပြ ဒီယေဂို အလွန်ဆို ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ် ။ ဆီဗီးလား ဟာ အခုနှစ် ချန်ပီယံလိဂ် မှာလည်း အဆင့် ၄ နေရာကနေ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရ ပါတယ် ။

 

ဂျာမန် လက်ရွေးစင် နည်းပြ နာဂျယ်စမန်း ကတော့ ကိုင်ဟာဗက် ကို ဘယ်နောက်ခံလူ အဖြစ် ထပ်မံ အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဒါရိုက်တာ ဒေကို ကတော့ နည်းပြ ဇာဗီ ဟာ အသင်းခက်ခဲနေတဲ့ ကာလ အတွင်းမှာ အစွမ်းကုန် ကြိုးစား လုပ်ဆောင်ပေးနေတဲ့သူ ဖြစ်ပြီး ကလပ် အကြီးအကဲတွေကလည်း ဒါကို သိရှိနားလည်ပေးထားပါတယ် လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။

 

ချဲလ်ဆီး နောက်ခံလူ ကူကူရီယာ ရဲ့ ဒဏ်ရာ အခြေအနေကို လာမယ့် ရက်အနည်းငယ် အတွင်းမှာ ထပ်မံ စစ်ဆေး ထုတ်ပြန်သွားမယ်လို့ သိရပါတယ် ။ ဒါပေမယ့် စပိန် နောက်ခံလူဟာ ဖေဖော်ဝါရီလောက်အထိ နားနေရဦးမယ်လို့ သိရပါတယ် ။

 

ဒဏ်ရာ ပျောက်ကင်း သက်သာလာတဲ့ ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမားလေး ချူအာမန်နီ ကတော့ အသင်းနဲ့ ပြန်လည် ကစားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

 

ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းမှာ ကစားပေးခဲ့တဲ့ ဆွီဒင် တိုက်စစ်သမားကြီး အီမီလ် ဖော့စ်ဘာ့ဂျ် ဟာ ရက်ဘူး ကုမ္ပဏီ ကပဲ ပိုင်ဆိုင်ထားတဲ့ အမေရိကန် ကလပ် နယူးယောက် ရက်ဘူး အသင်းဆီကို ၂၀၂၆ အထိ သက်တမ်းရှိမယ့် စာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိသွားတော့မယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR