လူစားဝင်မကစားမှီ နည်းပြ ဇာဗီ သူ့ကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ ပက်ဒရီ

ဒဏ်ရာ‌ ကြောင့် အနား ယူနေခဲ့ရတဲ့ ဘာစီလိုနာ ကြယ်ပွင့်ပက်ဒရီ ဟာ ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ပထမမကျော့မှာ လူစားဝင် ကစားပြီး အသင်း 2-3 နဲ့ အနိုင် ရရှိအောင် ကူညီ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။

ပက်ဒရီ လူစား မဝင်လာချိန်မှာ ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီ အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အရေးနိမ့် နေခဲ့တာပါ ။ ပက်ဒရီ ဟာ ပွဲချိန် ၆၁ မိနစ် မှာ ရောဘတ်တို နေရာ လူစားဝင် ကစားပြီး ချက်ချင်းမှာပဲ ရာဖင်ညာ ရဲ့သွင်းဂိုးကို လှလှပပ ဖန်တီး ပေးခဲ့တာ ဖြစ်ပါတယ် ။

Soccer Football – Champions League – Quarter Final – First Leg – Paris St Germain v FC Barcelona – Parc des Princes, Paris, France – April 10, 2024
FC Barcelona’s Raphinha celebrates scoring their second goal with Joao Cancelo REUTERS/Sarah Meyssonnier

ပွဲအပြီးမှာ ပက်ဒရီ က လူစားမဝင်ခင် နည်းပြ ဇာဗီ သူ့ကို ဘယ်လို ညွှန်ကြား ခဲ့သလဲဆိုတဲ့ မေးခွန်းကို ” ဇာဗီ က စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ပြင်ထားဖို့ နှင့် အသင်းအတွက် အကျိုးပြု နိုင်ဖို့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောခဲ့တာပါ ။ သူက ကျနော်တို့ အားလုံး ပဲရစ် ကို ဖိအားပေးပြီး ခံစစ်တန်း မြင့်သထက် မြင့်အောင် ကစားစေ ချင်ခဲ့တာပါ ။ ”

” လူစားဝင် ကစားတဲ့ အချိန်မှာ အသင်းအတွက် ကူညီ ပေးချင်စိတ် က ကျနော့်မှာ အတော်လေး ပြင်းပြ နေခဲ့တာပါ ။ ဝင်ဝင်ချင်းပဲ ရာဖင်ညာ ရဲ့ သွင်းဂိုးအတွက် ကောင်းမွန်တဲ့ ပေးပို့မှု နဲ့ ဖန်တီး နိုင်ခဲ့ပါတယ် ။ ဒီနေ့ညမှာ နည်းပြ နှစ်ဦး စလုံးက တိုက်စစ် ကစားရတာ ကြိုက်ပြီး high pressing ကစားကြတဲ့သူတွေပါ ။ ”

” ရာဖာ ရဲ့ ကန်ချက် က ဂိုးဝင်ဖို့ အတော်လေး ခက်ခဲတဲ့ အနေအထားကနေ ဂိုးဝင် သွားခဲ့တာပါ ။ ကျနော်တို့ ဒီနေ့ အပြင်းအထန် ယှဉ်ပြိုင် ကစားဖို့ ဒီကို လာခဲ့တာ ဖြစ်ပြီး ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး အသင်း တွေထဲက တစ်သင်း ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ် ၊ ကျနော်တို့က အကောင်းဆုံးပါပဲ ၊ အနိုင်ရအောင် ကစားဖို့ လာခဲ့တာ ဖြစ်ပြီး တကယ်လည်း အနိုင် ရခဲ့ပါတယ် ၊ ဒါပေမဲ့ ဒုတိယအကျော့ကလည်း ခက်ခဲ ဦးမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM