နောက်ဆုံးရ အားကစား သတင်းများ

မနေ့တုန်းက ကစားခဲ့တဲ့ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား တတိယ နေရာလုပွဲမှာ မာလီ အသင်းဟာ အာဂျင်တီးနား အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး ကြေးတံဆိပ် ဆွတ်ခူး ရရှိသွားခဲ့ပါတယ် ။

 

ဘရိုက်တန် အသင်းခေါင်းဆောင် လူးဝစ် ဒန့် ဟာ နော်တင်ဟမ် ဖောရက် နဲ့ ကစားခဲ့တဲ့ ပွဲတုန်းက ကွင်းလယ်ဒိုင် အန်တိုနီ တေလာ အပေါ် ပြောဆိုခဲ့မှုတွေ အတွက် ပြန်လည် တောင်းပန်သွားခဲ့ပါတယ် ။

 

မန်ယူနိုက်တက် နည်းပြကြီး တန်ဟတ် ကတော့ ဂိုးသမား အိုနာနာ ဘက်ကနေ ကာကွယ်ပြောဆို ပေးသွားခဲ့ပြီး နံပါတ် ၁ ဦးစားပေး အဖြစ် ဆက်ရှိနေမယ်လို့ ပြောဆိုခဲ့ပါတယ် ။

ဒါ့အပြင် ကွင်းလယ်လူ ဗန်ဒီဘိ ဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ခွင့်ပြု ထားတယ်လို့လည်း ပြောဆိုသွားခဲ့ ပါတယ် ။

 

ဘန်လေအသင်း နည်းပြ ကွန်ပနီ ကတော့ သူ့ကစားသမားတွေဟာ ပရီးမီးယားလိဂ် နဲ့ အသားမကျသေး တာကြောင့်လို့ ရလဒ်ဆိုးရွားမှုတွေကို ကာကွယ်ပြောဆို သွားခဲ့ပါတယ် ။

 

ဘာစီလိုနာ တိုက်စစ်မှူး ယိုဝေါ် ဖဲလစ် က သူဟာ ဘာစီလိုနာ ကစားပုံကို နှစ်သက်ပြီး ဒီမှာ ဆက်နေနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကတော့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ကို စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုသွားခဲ့ပါတယ် ။

 

လေဗာကူဆင် နဲ့ အခုရာသီမှာ ပုံစံကောင်းပြနေတဲ့ ဂျာမိန်း ဖရင်းပေါင် ရဲ့ စာချုပ်ထဲမှာ ၂၀၂၄ ဇူလိုင် မှာ ယူရို သန်း ၄၀ နဲ့ စာချုပ်ဖျက်သိမ်းပြီး ခေါ်ယူနိုင်တဲ့ အချက် ပါရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။ ဥရောပ အသင်း အတော်များများဟာ ဖရင်းပေါင် ရဲ့ အခြေအနေကို စောင့်ကြည့် နေကြပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ် ။

 

SPORTS MYANMAR