နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညကကစားခဲ့တဲ့ ပွဲစဉ်တွေ အပြီးမှာတော့ အာဖရိကဖလား ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေ ပြီးဆုံး သွားခဲ့ ပါပြီ ။ အီကွေတိုရီရယ် ဂွီနီယာ ၊ နိုက်ဂျီးရီးယား ၊ ကိပ်ဗာဒီ ၊ အီဂျစ် ၊ ဆီနီဂေါ ၊ ကင်မရွန်း ၊ အန်ဂိုလာ ၊ ဘာကီနာ ဖာဆို ၊ မာလီ ၊ တောင်အာဖရိက ၊ မော်ရိုကို ၊ ဒီအာ ကွန်ဂို အသင်းတွေဟာ အုပ်စု ပထမ-ဒုတိယ အဖြစ်နဲ့ နောက်တဆင့်ကို တက်လှမ်းလာခဲ့ကြပြီး ဂွီနီယာ ၊ နမီးဘီးယား ၊ မော်ရီတားနီးယား နဲ့ အိမ်ရှင် အိုင်ဗရီကိုစ့် အသင်းတွေကတော့ အကောင်းဆုံး အုပ်စုတတိယ အသင်းတွေ အဖြစ် ဆက်လက် ပါဝင်နိုင်ခဲ့ကြပါတယ် ။

 

၁၆ သင်းအဆင့်မျာတော့ နိုက်ဂျီးရိးယား နဲ့ ကင်မရွန်း ၊ အန်ဂိုလာ – နမီးဘီးယား ၊ ကိပ်ဗာဒီ – မော်ရီတားနီးယား ၊ မော်ရိုကို နဲ့ တောင်အာဖရိက ၊ မာလီ – ဘာကီနာ ဖာဆို ၊ ဆီနီဂေါ နဲ့ အိုင်ဗရီကိုစ့် ၊ အီဂျစ် – ဒီအာ ကွန်ဂို ၊ အီကွေတိုရီရယ် ဂွီနီယာ နဲ့ ဂွီနီယာ တို့ ရင်ဆိုင် ကစားကြရမှာပဲ ဖြစ်ပါတယ် ။

 

စပိန် ကိုပါ ဒယ်ရေး ဖလား ပြိုင်ပွဲမှာတော့ ဘာစီလိုနာ အသင်းဟာ အက်သလက်တစ် ဘီဘာအို အသင်းကို ၄-၂ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာ သွားခဲ့ရပြီ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဘာစီလိုနာ ရော ရီးရဲ မက်ဒရစ် အသင်းပါ ကိုပါဒယ်ရေး ပြိုင်ပွဲမှာ မရှိကြတော့ပါဘူး ။

 

လီဗာပူး အသင်းကတော့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ မှာ ဖူလ်ဟမ် အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

လီဗာပူး ဟာ ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ အသင်း ရဲ့ နောက်တန်း ကြယ်ပွင့် ကစားသမားလေး ဘဲလ်ဒီ ဟာ မနေ့ညက ကစားခဲ့တဲ့ ကိုပါ ဒယ်ရေး ဖလား ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ် ။ ဒဏ်ရာ အနေအထားကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး ။

 

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် အသင်းဟာ ယူနီယံ ဘာလင် အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး လေဗာကူဆင် အသင်းနဲ့ ၄ မှတ်အကွာကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။

 

လီဗာပူး နည်းပြကြီး ဂျင်ဂင် ကလော့ က မိုဟာမက် ဆာလာ ရဲ့ ဒဏ်ရာ အခြေအနေဟာ အီဂျစ် မှာ ဆက်လက် ရှိနေပါက ပြန် အားဖြည့်ဖို့ ကြာမြင့်နိုင်မယ်လို့ ယူဆတာကြောင့် အင်္ဂလန် ကို ပြန်ခေါ်လိုက်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ် ။

 

အင်တာမီလန် အသင်းကတော့ ပေါ်တို တိုက်စစ်မှူး တာရီမီ ကို ရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကြားသိရပါတယ် ။

 

နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာ ဟာ အသင်းကနေ ထွက်ခွာဖို့ စိတ်ကူးမရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ အပြီးမှာတော့ ဘိုင်ယန်မြုးနစ် အသင်းရဲ့ အစီအစဉ်တွေ အဆုံးသတ်သွားခဲ့ပါပြီလို့ ဘိုင်ယန် ဒါရိုက်တာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ် ။