နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ အာရှ ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာတော့ တောင်ကိုရီးယား အသင်းက သြစတြေးလျ အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ ပါတယ် ။ ကိုရီးယား အတွက် ဝုဗ် တိုက်စစ်မှူး ဟွမ်ဟီချန် က ပင်နယ်တီ ကနေ ချေပဂိုး သွင်းပေးခဲ့တာဖြစ်ပြီး စပါး တောင်ပံ ကစားသမား ဆွန်ယောင်မင် က အချိန်ပိုမှာ ဖရီးကစ် ကနေ အနိုင်ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ကိုရီးယား ဟာ ဆီမီးဖိုင်နယ်မှာ ဂျော်ဒန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

အာဖရိကဖလား ပြိုင်ပွဲမှာတော့ ဒီအာ ကွန်ဂို အသင်းနဲ့ နိုက်ဂျီးရီးယား အသင်းတို့ ဆီမီးဖိုင်နယ်ကို တက်လှမ်း လာခဲ့ကြတယ်လို့ သိရပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ စထရာဘော့ အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြီး ဘာပေ နဲ့ အဆန်ဆီရို တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

 

ဇန်နဝါရီ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံး အချိန်လေးတွေမှာတော့ တူရကီကလပ် ဂါလာတာစရေး ဟာ ဖူလ်ဟမ် တိုက်စစ်မှူး ကားလိုစ့် ဗီနီရှပ် နဲ့ နော်တင်ဟမ် ဖောရက်စ် နောက်ခံလူ ဆာဂျီ အူရီယေး တို့ကို နှစ်ဦးပေါင်း ယူရို ၂ သန်း ဝန်းကျင် နဲ့ ခေါ်ယူသွားနိုင်ခဲ့ပါတယ် ။

 

ပြင်သစ် ကလပ် လီယွန် နဲ့ စပိန်ကလပ် ရီးရဲ ဘက်တစ် တို့ဟာလည်း ဝက်စ်ဟမ်း ကစားသမားတွေ ဖြစ်ကြတဲ့ ဘန်ရာမာ နဲ့ ပါဘလို ဖော်နယ်စ် တို့ကို အသီးသီး ခေါ်ယူနိုင်ခဲ့ကြပါတယ် ။ ကနဦးတုန်းက ဝက်စ်ဟမ်း အသင်းဘက်က ပေးပို့တဲ့ အချက်အလက်တွေဟာ အချိန်မီ ရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ သတင်းထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ အချိန်မီ ဖြစ်မြောက်သွားခဲ့ကြပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းကတော့ ယူကရိန်း လူငယ် ဂိုးသမားလေး Ilya Voloshyn ကို အခြား ကလပ် အများအပြား နဲ့ ယှဉ်ပြိုင်ကာ အရ ခေါ်ယူသွားခဲ့ပြီး ၂၀၂၆ ဇွန်လ အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုသွားခဲ့ပါတယ် ။

 

ချဲလ်ဆီး နဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် က ဇာဘီ အလွန်ဆို ဟာ လီဗာပူး နည်းပြ ရာထူး အတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ထောက်ခံပြောဆို သွားခဲ့ပါတယ် ။

 

SPORTS MYANMAR