သူ့ကို ဝမ်းနည်း ပူးဆွေးမှု အပေးနိုင်ဆုံး အသင်း အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်လိုက်တဲ့ အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်

ဂျူဗင်တပ်နဲ့ အီတလီ လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီးဖြစ်တဲ့ ဂျီယန်လွီဂီ ဘူဖွန်က သူ့ကို ဝမ်းနည်း ပူးဆွေးမှု အပေးဆုံးအသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။ အခုလို ရွေးချယ်လိုက်ရခြင်းရဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ PSG ကစားသမား ဘဝကြောင့်ပဲ ဖြစ်ခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2019 တုန်းက PSG အသင်းနဲ့ အိုးလ် ထရပ်ဖို့ဒ် မှာ ရင်ဆိုင် ကစားခဲ့ပြီး 0 – 2 ရလဒ် နဲ့ ချန်ပီယံလိဂ် ပထမ အကျော့ကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်မှ လှည့်ပြန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက် တို့ဟာ ဒုတိယ အကျော့မှာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲ စူပါစတားတွေနဲ့ ဖွဲ့စည်းထားတဲ့ PSG အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်် ကစားပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲက PSG အတွက်ရော ဘူဖွန် အတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တိုက်စစ်မှူး ဖြစ်သူ ရိုမီလူ လူကာကူ က နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ အခြားတဖက်မှာတော့ PSG အသင်းမှ ဟွမ် ဘားနက်စ် က တစ်ဂိုး ပြန်သွင်းခဲ့ပါတယ် ။ ဒါပေမဲ့ နာကျင် အချိန်ပို မိနစ်မှာ ကင်ပန်ဘီ ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ရပ်ရှ်ဖို့ က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ နှစ်ကျော့ပေါင်း 3 – 3 ၊ အဝေးဂိုး စည်းမျဥ်း နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး PSG အတွက် တစ်ရာသီမျှ ကစားပေးခဲ့ရပြီး ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ စိတ််အား ထက်သန်လွန်းနေခဲ့တဲ့ ဘူဖွန် က ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ အခိုက်အတန့်ကို အမှတ်ရဆဲ ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ အခွင့်အရေးကို လွှင့်ပစ်ခဲ့လိုက်ကြတာပါ ။ သူတို့ ပဲရစ် ကို လာပြီး ကလေးတွေနဲ့ ကစားခဲ့ကြတာပါ ။ သူတို့ အသင်းမှာ ဒီဂီယာ ၊ လူကာကူ နဲ့ ရပ်ရှ်ဖို့ တို့ ပါဝင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျန်ရစ်တဲ့ ပွဲထွက် ကစားသမားတွေ အများစု ကတော့ လူငယ်တွေချည်းပဲ ဖြစ်ခဲ့ကြရပါတယ် ”

” ကျွန်တော်တို့ အရှုပ်ထုပ် ဖန်တီးခဲ့ကြပါတယ် ။ အဲ့တာက စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုပါ ။ ဒါဟာ ကျွန်တော် ရဲ့ ကစားသမား ဘဝ အကြီးမားဆုံးသော ဝမ်းနည်း ပူဆွေး စရာ ပွဲစဥ် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ် ။ ကျွန်တော်တို့ အရမ်းကို တောင့်တင်းတဲ့ အစုအဖွဲ့တစ်ခုပဲ ဖြစ်ခဲ့ကြရပါတယ် ။ တကယ့်ကို Mega team ပေါ့ဗျာ ” လို့ ဘူဖွန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar