‘ဘွန်ဒက်လီဂါမှာ သမိုင်းရေးထိုးနိုင်ခဲ့ပါပြီ’ – လေဗာကူဆင်နဲ့အတူ ‘Invincible’ လုပ်နိုင်ခဲ့ပြီးနောက် အလွန်ဆိုရဲ့ ရင်တွင်းစကားများ

 

မနေ့ညက အော့စ်ဘတ်ကို နောက်ဆုံးပွဲစဉ်မှာ အနိုင်ရခဲ့ပြီးနောက် လေဗာကူဆင် အသင်းဟာ ဘွန်ဒက်လီဂါ သမိုင်းမှာ တစ်ရာသီလုံး ရှုံးပွဲမရှိ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ အခုဆိုရင် ဒီရာသီ ပြိုင်ပွဲစုံ ၅၁ ပွဲဆက် ရှုံးပွဲမရှိထားတဲ့ အပြင် DFB Pokel နဲ့ ယူရိုပါလိဂ်ဖိုင်နယ် တို့မှာ အနိုင်ရခဲ့မယ်ဆိုရင် treble အပြင် တစ်ရာသီလုံး ပြိုင်ပွဲစုံ ရှုံးပွဲမရှိ စံချိန်ကိုပါ ရရှိမှာ ဖြစ်ပါတယ်။

အလွန်ဆိုက “ကျနော်တို့ ဒီနေ့ကို ဘယ်တော့မှာ မေ့တော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ လုံး၀ကို ထိုက်တန်ပါတယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ တစ်ရာသီလုံး ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ ရှင်းလင်းတဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဘရီမင်နဲ့ပွဲစဉ် အပြီးမှာ ကျနော်တို့ ကြီးကြယ်တဲ့အရာတွေ ရယူနိုင်မယ်ဆိုတာ သိသွားခဲ့ပါတယ်။ ကျနော် ဒီအသင်းအတွက် တအားကို ဂုဏ်ယူမိပါတယ်။ သူတို့ဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။

ပရိတ်သတ်တွေ ဒီနေ့ကို ကောင်းကောင်း အောင်ပွဲခံနိုင်ပါတယ်။ ကျနော်တို့ enjoy လုပ်ကာ မနက်ဖြန်မှာ recover လုပ်သွားပါမယ်။ ဒါဟာ ကလပ် အတွက် အရေးပါတဲ့နေ့ ဖြစ်ပြီး ကျနော်တို့ ရှုံးပွဲမရှိမှတ်တမ်းနဲ့ ချန်ပီယံ ဖြစ်ရန် လုံး၀ ထိုက်တန်ပါတယ်။ မယုံနိုင်စရာပါပဲ။ ကျနော်တို့ ဒါတကယ်လားဆိုတာ သဘောပေါက်ရန် အချိန်တော့ လိုအပ်ပါတယ်။ ပရိတ်သတ်တွေကလည်း ကျနော်တို့ကို အမြဲတမ်း အားပေးနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဒီလိုပါပဲ။ သူတို့ဟာ ကြီးမားတဲ့ passion ကို ပြသခဲ့ပြီး ကျနော်တို့ ဒါကို ခံစားလို့ ရခဲ့ပါတယ်။

ကျနော် အခု အားလုံးအတွက် တအား ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက လိုက်ပ်ဇစ်နဲ့ ပထမပွဲကစလို့ ကျနော်တို့ဟာ ကောင်းကောင်း ပြင်ဆင်မှု လုပ်ခဲ့ပြီး ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ တစ်ပွဲလုံး ဆိုးဆိုးရွားရွား ကစားခဲ့တာ မရှိပါဘူး။ တစ်ပိုင်းလောက်တော့ အားနည်းတာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလောက်ပါပဲ။ အမှတ် ၉၀ ရဖို့ ဆိုတာ တအားကို ကောင်းမှသာ ဖြစ်မှာပါ။ ၉၁ မှတ် စံချိန်ကိုတော့ ကျနော်တို့ လိုက်မမှီခဲ့ပေမယ့် ရှုံးပွဲမရှိ မှတ်တမ်းကတော့ တကယ့်ကို ထူးခြားလွန်းပါတယ်။

ဒီအောင်မြင်မှုဟာ ဂျာမနီတင်မကပါဘူး။ ဥရောပမှာပါ အရမ်းကောင်းတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ကျနော်တို့ အသင်းဟာ ဘွန်ဒက်လီဂါမှာ သမိုင်းရေးထိုးနိုင်ခဲ့ပါပြီ။ လာမည့် နှစ် ၂၀ မှာ ကျနော်တို့ ဒီရာသီ စွမ်းဆောင်ခဲ့မှုကို ပြန်ကြည့်ပြီး ‘Wow, ငါတို့ ဒီလို လုပ်ခဲ့ကြတာပဲ’ ဆိုပြီး ပြောနိုင်မှာပါ။”