PSG တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ဟာ ပြင်သစ် လီဂူးဝမ်း ရဲ့ ၁ နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မနေ့က ဆွတ်ခူး ရရှိခဲ့ပါတယ် ။ ဘာပေ ဟာ အဆိုပါဆုကို ၅ နှစ် ဆက်တိုက် ဆွတ်ခူး ရယူခဲ့တာပါ ။ ဆုပေးပွဲ မစတင်ခင်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာမယ့် နှုတ်ဆက် စကားပြောချိန်မှာ PSG ဥက္ကဌ ကို ထည့်သွင်းမပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ဘာပေ နဲ့ နက်ဆာ အယ်လ် ခီလိုင်ဖီ တို့ အကြား ကတောက်ကဆ ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ် ။ ဘာပေ ကတော့ ဆု လက်ခံ အပြီးမှာ ဥက္ကဌ ခီလိုင်ဖီ ကို ထည့်သွင်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။
PSG ရဲ့ ပြင်သစ် ကစားသမား ခွာဇာဝါ ဟာလည်း ရာသီအကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာတော့မယ်လို့ သိရပါတယ် ။
နယ်သာလန် ထိပ်သီး အိုင်ယက်စ် အသင်းဟာ ဘဏ္ဍာရေး အခြေအနေကြောင့် နွေရာသီမှာ ကစားသမားကောင်း အချို့ ကို ရောင်းထုတ်ရနိုင်ပြီး အဲ့ဒီအထဲမှာ စပါး တောင်ပံ ကစားသမားဟောင်း စတီဗင် ဘာ့ဂျ်ဝင်း လည်း ပါဝင်နေတယ်လို့ သိရပါတယ် ။
ရိုးမား ကွင်းလယ်လူ ရီနာတို ဆန်းချက် ကတော့ PSG ကို ပြန်ရောက်လာပါက အသင်းထပ်ပြောင်းဖို့ အားထုတ်ရဦးမှာ ဖြစ်ပြီး ပြင်သစ်ချန်ပီယံ ဟာ ပေါ်တူဂီသားကို သူတို့ရဲ့ အစီအစဉ်ထဲ ထည့်သွင်းမထားဘူးလို့ သိရပါတယ် ။
ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ ဗစ်တာ ရော့ကေး အနေနဲ့ အသင်းမှာ ကစားခွင့် ရရှိမှု နည်းပါးတာကို အလိုမကျ ဖြစ်နေပါက နွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။
ဘာစီလိုနာ ဟာ မနေ့ညက လာလီဂါ ပွဲစဉ်မှာ ရီးရဲဆိုဆီဒက် အသင်းကို ၂-၀ နဲ့ အနိုင် ရရှိခဲ့ပြီး လာမိန်း ယာမဲ နဲ့ ရာဖင်ညာ တို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြပါတယ် ။
ဘောလုံးသမားတွေကို မြေတောင်မြှောက်ရာမှာ နာမည်ကျော်တဲ့ ဒေါ့မွန် အသင်းဟာ အီကွေဒေါ လူငယ် ကြယ်ပွင့် ကစားိသမားလေး ဂျပ်စတင် လီမာ ( ၁၆ နှစ် ) ကို ခေါ်ယူ စာချုပ် နိုင်ခဲ့ပြီဖြစ်ပါတယ် ။ လီမာ ဟာ လက်ရှိမှာ ၁၈ နှစ် မပြည့်သေးတာကြောင့် တောင်အမေရိကမှာသာ ဆက်ရှိနေဦးမှာ ဖြစ်ပြီး ၂၀၂၆ မှ ဒေါ့မွန် ကို ရောက်ရှိလာမှာ ဖြစ်ပါတယ် ။
အေစီမီလန် ကနေ ထွက်ခွာလာခဲ့ပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးကြီး အိုလီဗီရာ ဂျီရူး ကတော့ မေဂျာလိဂ် ကလပ် LAFC နဲ့ တရားဝင် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ် ။
ဂျာမနီ အသင်းဟာ ယူရို ၂၀၂၄ မှာ ပါဝင် ယှဉ်ပြိုင်မယ့် အသင်းသားစာရင်းကို လာမယ့် ကြာသပတေးနေ့မှာ ထုတ်ပြန်မှာ ဖြစ်ပြီး ဘိုင်ယန် ဝါရင့် ဂိုးသမားကြီး နော်ယာ နဲ့ လူငယ် ကွင်းလယ် ကစားသမားလေး အလဲဆန်းဒါး ပက်ဗ်လိုဗစ် တို့ ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်ထားပါတယ် ။ိ
ကနေဒါ လက်ရွေးစင် ဘောလုံးအသင်းကတော့ လိဒ် နည်းပြဟောင်း ဂျက်ဆီ မာ့ချ် ကို နည်းပြသစ် အဖြစ် ရွေးချယ် ခန့်အပ်လိုက်တယ်လို့ သိရှိရပါတယ် ။
SPORTS MYANMAR