လာမယ့်နွေမှာ မက်ဒရစ်သား ရီးယဲတို့ ခေါ်ယူဖို့ ကြံရွယ်နေတဲ့ ကစားသမား 4 ဦး

စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ စျေးကွက် ကာလတွေ အတွင်း တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့ပြီး လူငယ် အများစု ပါဝင်တဲ့ အသင််းမျိုးကို တည်ဆောက်ကာ ရေရှည် စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ အမြဲတမ်း ပိုကောင်းတဲ့ အသင်းမျိုးကိုသာ ပိုင်ဆိုင််လိုတဲ့ ရီးယဲ မက်ဒရစ် အသင်းအတွက်တော့ ဒါဟာ ရပ်တန့်ချင်စရာ အနေအထား တစ်ခု မဟုတ်သေးပါဘူး ။ Relevo ကတော့ ရီးယဲတို့ဟာ လာမယ့် နွေအတွက်ပါ ကြိုတင်် ပြင်ဆင်ထားခဲ့ပြီလို့ ဖော်ပြသွားခဲ့ပါတယ် ။

Relevo က ဒါဟာ လာမယ့် 9 လအတွင်း ပြောင်းလဲသွားနိုင်တယ်လို့ ဝန်ခံထားပါတယ် ။ ဒါပေမဲ့ လက်တလောမှာတော့ ရီးယဲ မက်ဒရစ် ဥက္ကဌဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ် ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့ ကစားသမား 4 ဦး အထိ ရှိနေတယ်လို့ ဖော်ပြသွားခဲ့လိုက်ပါတယ် ။

အဲ့ဒီထဲက တစ်ဦးကတော့ ပါမီးရက်စ် မှ ရောက်လာဖို့ သေချာနေတဲ့ အန်းဒရစ် ဖိလစ်ပီ ပဲ ဖြစ်ပါတယ် ။ သူဟာ ယူရို သန်း 40 တန်ကြေး ရှိသူ တစ်ဦး ဖြစ်ပေမဲ့ ဇူလိုင်လ 2024 မှာ အသက် 18 နှစ် ပြည့်တာနဲ့ ယူရို သန်း 60 အထိ တန်ကြေးမြင့်သွားဖို့ ရှိနေတဲ့ လူငယ်လေးပဲ ဖြစ်ပါတယ် ။

နောက်ထပ် ကစားသမား တစ်ဦးကတော့ ကျွန်တော်တို့ အားလုံး သိနှင့်ပြီးသား ဖြစ်တဲ့ PSG အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ကိုင်လီယံ အမ်ဘာပေ ပဲ ဖြစ်ပါတယ် ။ သူဟာ နွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ရီးယဲ တို့ အရခေါ်ယူဖို့ ကြိုးစားမှာပဲ ဖြစ်ပါတယ် ။

လက်ရှိ ရီးယဲ မက်ဒရစ် ရဲ့ ဘယ်ခံစစ်မှာ ဖာလန် မန်ဒီ နဲ့ ဖရန် ဂါစီယာ တို့ ရှိနေကြပါတယ် ။ ဒါပေမဲ့ ယုံကြည်ဖွယ်ကောင်းလောက်တဲ့ ကစားသမားတွေ မဟုတ်တဲ့ အတွက် အဲ့ဒီ နေရာမှာ ကာမာဗင်ဂါ ကစားပေးနေခဲ့ရပါတယ် ။ ဒီနေရာအတွက် ရီးယဲ တို့ ဘိုင်ယန် မှ အယ်လ်ဖွန်ဆို ဒေးဗီးစ် ကို စိတ်ဝင်စားနေပါတယ် ။

ဒီရာသီ ရီးယဲ မက်ဒရစ် ရဲ့ ညာခံစစ်မှာ ကာဗာဂျယ် ဟာ ပုံစံကောင်းပြ ပွဲထွက်ခွင့်တွေ ရယူထားခဲ့ပါတယ် ။ ဒါပေမဲဲ့ သူဟာ ဒဏ်ရာ ပြသနာ ရှိနေသူ တစ်ဦး ဖြစ်ပြီး သူ့ကို ပိုကောင်းအောင် တွန်းအားပေးနိုင်တဲ့ အသင်းဖော် တစ်ဦးကို လိုအပ်နေတာလည်း ဖြစ်ပါတယ် ။

ဒါ့ကြောင့် ရီးယဲ မက်ဒရစ် တို့ဟာ ဒီနေရာအတွက် ချဲလ်ဆီး အသင်းမှ ရိစ် ဂျိမ်းစ် ကို စိတ်ဝင်စား နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဘိုင်ယန် နဲ့ ချဲလ်ဆီး တို့ သူတို့တွေရဲ့ ကစားသမားကို လက်လွှတ်ခံနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ် ။

#Sports_Myanmar