ချန်ပီယံလိဂ် မှာ ဘယ်အသင်း ဗိုလ်စွဲ မလဲ ခန့်မှန်း ရွေးချယ် ပေးလိုက်တဲ့ အိုဇေးလ်

 

မီဆွတ် အိုဇေးလ် ကတော့ ဒီနှစ် ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ရီးယဲလ်မက်ဒရစ် အသင်း ဟာ ဗိုလ်စွဲဖို့ အခြေအနေ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ခန့်မှန်း သုံးသပ် လိုက်ပါတယ် ။

ဒီတစ်ပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ဒုတိယ အကျော့ပွဲတွေ အပြီးမှာ ပီအက်စ်ဂျီ ၊ ဒေါ့မွန် ၊ ရီးယဲလ်မက်ဒရစ် နှင့် ဒေါ့မွန် တို့ဟာ ဆီမီးဖိုင်နယ် အဆင့် ကို တက်လှမ်း သွားခဲ့ကြပြီး လက်ရှိ ချန်ပီယံ မန်စီးတီး အပါအဝင် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဆင်နယ် အသင်း တို့ကတော့ ပြိုင်ပွဲကနေ ထွက်ခွာ သွားခဲ့ ရပါတယ် ။

ဆီမီးဖိုင်နယ် အဆင့် မှာတော့ ဒေါ့မွန် နှင့် ပီအက်စ်ဂျီ ၊ ရီးယဲလ်မက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ် တို့ ထိပ်တိုက် တွေ့ဆုံ နေကြပါတယ် ။ ဂျာမနီ လက်ရွေးစင်ဟောင်း အိုဇေးလ် ကတော့ Marca မှာ ” ရီးယဲလ် နှင့် မန်စီးတီး ပွဲက တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲပါ ။ စီးတီး က သူတို့ကို ဘယ်အသင်း မှ ရင်မဆိုင်ချင်ဘူးဆိုတာ ပြသ ခဲ့ပါတယ် ၊ ပွဲချိန် အများစုကိုလည်း လွှမ်းမိုး ကစားခဲ့ပါတယ် ။ ”

” ဒါပေမဲ့ ရီးယဲလ် ကလည်း တကယ့်ကို ပါးနပ် လိမ်မာလွန်းလှတဲ့ အသင်းပါ ။ ခံစစ်ကို ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ၊ ရူဒီဂါ ရဲ့ ပင်နယ်တီ အပြီးမှာ ကျနော် ‘ Hala Madrid ‘ လို့တောင် အော်ခဲ့ပါတယ် ၊ ဘယ်လောက်အထိ စိတ်လှုပ်ရှား စရာကောင်းသလဲ ဆိုတာ တွေးကြည့်လို့ ရပါတယ် ။ ”

FIRMA CONTRATO

” အခု အချိန်မှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းက ရီးယဲလ်မက်ဒရစ်ပါပဲ။ ကျနော် ကတော့ သူတို့ ချန်ပီယံ ဖြစ်မယ်လို့ ကို ယုံကြည်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM