သူ့ရဲ့ အသင်း ထွက်ခွာခဲ့ရပြီးနောက် ဘယ်အသင်းကို ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်စေချင်သလဲ ဆိုတာ ဖွင့်ဟလာတဲ့ အင်းနရစ်

လူးဝစ် အင်းနရစ် ကတော့ သူ့ရဲ့ ပီအက်စ်ဂျီ အသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် ကနေ ထွက်ခွာ ခဲ့ရပြီးနောက် ဒေါ့မွန် အသင်းကို ချန်ပီယံ ဖြစ်စေချင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

PARIS, FRANCE – MAY 07: Mats Hummels of Borussia Dortmund passes the ball whilst under pressure from Kylian Mbappe of Paris Saint-Germain during the UEFA Champions League semi-final second leg match between Paris Saint-Germain and Borussia Dortmund at Parc des Princes on May 07, 2024 in Paris, France. (Photo by Richard Heathcote/Getty Images)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ပီအက်စ်ဂျီ အသင်းဟာ ဖိုင်နယ် ရောက်ဖို့ ပိုပြီး ရေပန်းစားတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ဒေါ့မွန် အသင်းကပဲ နှစ်ကျော့lစလုံး 1-0 နဲ့ အနိုင်ယူ ပြီး ဝင်ဘာလေ မှာ ကစားမယ့် ဖိုင်နယ် ကို တက်လှမ်း သွားခဲ့တာ ဖြစ်ပါတယ် ။

ဒေါ့မွန် အသင်း အနေနဲ့ တစ်ဖက်က ရီးယဲလ်မက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ် ပွဲက အနိုင် ရတဲ့ အသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင် ကစားရမှာပါ ။ ဒေါ့မွန် အသင်းဟာ ၁၉၉၇ ခုနှစ်တုန်းက ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ် ။

စပိန် နှင့် ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ် ကတော့ ဒေါ့မွန် အသင်းကို အရေး နိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ” ရလဒ် ကို လက်ခံဖို့ က အတော်လေး ခက်ခဲတာ အမှန်ပါပဲ ။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ကျနော်တို့ ဒီပွဲကို အနိုင် ရခဲ့သင့်ပါတယ် ။ ကျနော်တို့ ဂိုးကန်သွင်းချက် ၃၁ ကြိမ် ၊ တိုင်ထိတဲ့ အကြိမ် ၄ ကြိမ် ရှိခဲ့ပါတယ် ၊ တခါတလေမှာ ဘောလုံးက မမျှတပါဘူး ။ ”

” ဒါပေမဲ့ သူတို့ကို ဂုဏ်ပြု ချင်ပါတယ် ။ သူတို့က အသင်းကောင်း တစ်သင်းပါ ၊ သူတို့ရဲ့ လုပ်ဆောင်မှုကလည်း သိပ်ကောင်းပါတယ် ၊ သူတို့ ဖိုင်နယ်မှာလည်း အနိုင်ရဖို့ ကျနော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM