ဂိုးပြတ် နိုင်ပွဲထက် သူ့ကို ပိုပြီး ပျော်ရ္ယွှင်စေခဲ့တဲ့ အရာကို ထုတ်ဖော် ပြောကြားလာတဲ့ အာတီတာ

 

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဘုန်းမောက် အသင်းကို လေးဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ဆာကာ ၊ အော်ဒီဂတ် ၊ ဟားဗတ်ဇ် နှင့် ဘန်ဝှိုက် တို့က သွင်းယူ ခဲ့ကြတာပါ ၊ တစ်ပြိုင်တည်း ကစားတဲ့ ပွဲမှာ မန်စီးတီး အသင်းက ရှုံးပွဲ ကြုံတွေ့ သွားခဲ့တာကြောင့် အာဆင်နယ် အသင်း နှင့် မန်စီးတီး ကြားမှာ အမှတ်ကွာဟမှုက တစ်မှတ်သာ ရှိပါတော့တယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ပွဲအပြီးမှာ ဂိုးပြတ် နိုင်ပွဲထက် သူ့ကို ပိုပြီး ပျော်ရ္ယွှင်စေခဲ့တဲ့ အရာ ရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။ အာတီတာ က ပွဲချိန် အတွင်း အသင်းသားတွေရဲ့ အချင်းချင်း ဖေးမ စာနာ မှုကို မြင်ခဲ့ရတဲ့ အပေါ် အတိုင်းမသိ ဝမ်းသာ မိတယ်လို့ ဆိုသွား ခဲ့တာပါ ။

” နိုင်ပွဲ အတွက် ကျနော် တကယ် ပျော်ရွှင် မိပါတယ် ။ ဒါပေမယ့် ကျနော့် အသင်းသားတွေ ဒီကနေ့ လုပ်ဆောင်ခဲ့တဲ့ လူပီသတဲ့ အပြုအမူ ကြောင့် ဒီအသင်းရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကို ပိုပြီးတော့တောင် ပျော်မိပါတယ် ။ မေးခွန်းထုတ်ခံရမှုတွေ ရှိနေတဲ့ ကစားသမား(ဟားဗတ်ဇ်) ကို အားလုံးက ဝိုင်းဝန်း ဖေးမ အားပေး ဂုဏ်ပြု ကြတာကို မြင်ရတော့ ကျနော်ပါ ‌နွေးထွေးတဲ့ ခံစားချက်ကို ခံစား မိခဲ့ပါတယ် ။ ”

” ပရိသတ်တွေ ဟားဗတ်ဇ် ကို ခုလို အားပေးတာကို ကြားရ မြင်ရတော့ သူ့အတွက် ဝမ်းသာမိပါတယ် ၊ သူက အဲ့ဒီလို အားပေးမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားပါ ၊ သူ့အပေါ် ‌ကျနော်တို့ ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းတွေကို ထပ်ဖြေစရာ မလိုတော့တဲ့ တုန့်ပြန်မှုပေါ့ဗျာ ။ ”

ဒက်ကလန်ရိုက်စ် ကလည်း ပွဲအပြီးမှာ ” တကယ့်ကို ကြည်နူး ဝမ်းသာရတဲ့ အခိုက်အတန့်ပါ ၊ ကိုင်အတွက် ၊ ပရိသတ်တွေအတွက် သက်ဆိုင်တဲ့သူတွေ အားလုံးအတွက်ပေါ့ ၊ ကျနော်တို့ အားလုံး က သူ့ကို အသင်းမှာ အောင်မြင် စေချင်ကြပါတယ် ။ အရိုးသားဆုံး ပြောရရင် သူက လေ့ကျင့်ရေး အစီအစဉ်တိုင်းမှာ မဆုတ်မနစ် ရေကုန်ရေခမ်း ကြိုးစား တတ်သူပါ ။ ”

” ပွဲထဲမှာလည်း အသင်းအတွက် အစွမ်းကုန် ပေးဆပ် ကစားတတ်သူပါ ။ ဒီနှစ် မှာ သူ ဂိုးသွင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဂိုးမရသေးဘူး ဖြစ်နေခဲ့ပါတယ် ၊ ‌ဒါပေမယ့် ဒီနေ့လို ဖိအားတွေ မြင့်နေတဲ့ အချိန်မှာ သူ ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် ကန်သွင်း နိုင်ခဲ့တာက သူ့ရဲ့စိတ်ဓတ် အရည်အသွေး နှင့် စွမ်းဆောင်ရည် ဘယ်လောက်အထိ ထူးချွန် ကောင်းမွန်သလဲ ဆိုတာ ပြသလိုက်ဝာာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM