နိုင်ပွဲအတွက် ပျော်ရွှင်မိပေမဲ့ အားမလိုအားမရ ဖြစ်မိတဲ့ အချက်ကို ထုတ်ပြောလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာက အဲဗာတန် အသင်းကို 2 ဂိုးပြတ် နိုင်ပွဲအပေါ် ကျေနပ် ပျော်ရွှင်မိပေမဲ့ ဒီထက်ပိုပြီး ဂိုးတွေ ရရှိခဲ့သင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က အဲဗာတန် အသင်းဟာ တန်းမဆင်းဖို့အတွက် ရုန်းကန်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲဟာ ခက်ခဲလိမ့်မယ်လို့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အသင််းသားတွေကို သတိပေးခဲ့ပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက်တို့ဟာ ပွဲစဥ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး ထိန်းချုပ် ကစားနိုင်ခဲ့ကြပါတယ် ။ ဒါ့အပြင်် ယူနိုက်တက် တို့ ပထမပိုင်းမှာပဲ ဂိုးပေါက် ကန်သွင်းခွင့် 21 ကြိမ်အထိတောင် ရယူနိုင်ခဲ့ကြပါသေးတယ် ။ ဒါဟာ ယူနိုက်တက် အတွက် 2003 – 04 နောက် ပထမပိုင်းအတွင်း ဂိုးပေါက် အများဆုံး ကန်သွင်းခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒါပေမဲ့ သွင်းဂိုးကတော့ တစ်ဂိုးသာ ရယူနိုင်ခဲ့ပါတယ် ။ အဆိုပါသွင်းဂိုးကိုတော့ ပွဲချိန် 36 မိနစ်မှာ ဂျေဒန် ဆန်ချို ရဲ့ အကွက်ကျကျ ဖန်တီးပေးပို့မှုကို မက် တော်မီနေး က အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲပေးလိုက်တာကနေ ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ မာရှယ်က ရပ်ရှ်ဖို့ ရဲ့ ဖန်တီး​ပေးမှုကို ဂိုးအဖြစ် ပြောင်းလဲလိုက်ရာမှတဆင့် အနိုင် သေချာစေခဲ့ပါတယ် ။ ဒါပေမဲ့ ဒီဂီယာ က ဂိုးပေါက် ကန်သွင်းမှု 29 ကြိမ် အထိ ရရှိခဲ့တဲ့ ပွဲစဥ်မျိုးမှာ ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ထူးကဲတဲ့ နှစ်ပွဲဆက် အနိုင်ရခြင်းပါပဲ ။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့တုန်းက ဘရန့်ဖို့ဒ် နဲ့ ကစားပြီး စနေလို နေ့မျိုးမှာ အဲဗာတန် နဲ့ ဆက်ကစားရတာက တကယ်ပဲ မလွယ်ကူလှပါဘူး ။ ဒီပွဲမှ ကစားသမားတွေရဲ့ energy ၊ အားစိုက််ထုတ်မှုတွေက မယုံကြည်နိုင်ဖွယ် ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ ပွဲစဥ်ကို အစကနေ အဆုံးထိ ထိန်းချုပ်နိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ကြသလို ရိုးရိုးသားသား ပြောရရင်ဖြင့် ဒီထက်ပိုပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့သင့်ပါတယ် ။ ဘယ်လိိုပဲ ဖြစ်ပါစေ ၊ စွမ်းဆောင်ရည်က ကောင်းမွန်လွန်းခဲ့ရပါတယ် ”

” ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ပြီး အခွင့်အရေး အများကြီး ပြန်မပေးဖြစ်ခဲ့ပါဘူး ။ ကျွန််တော်တို့ ခံစစ်ကနေ ကစားကွက်တည်ဆော့နိုင်ခဲ့ပြီး ဘောလုံံးကိုင် ကစားတာလည်း ကောင်းခဲ့ကြပါတယ် ။ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ကြပါတယ် ”

” ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပဲ ဒီထက်ပိုပြီး ဂိုးတော့ သွင်းယူနိုင်ခဲ့သင့်ပါတယ် ။ ထားပါ ၊ ကျွန်တော်တို့ ဘောလုံံး ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ် ။ ဒီအတွက် ပျော်ရွှင်မိပါတယ် ။ ဒါပေမဲ့ 1-0 ဆိုတဲ့ အနေအထားဟာ ဘာမဆို ဖြစ်သွားစေနိုင်တယ်လေ ”

” အဲဗာတန်လို အသင်းမျိုးက အခွင့်အရေးတွေကို ဘယ်နေရာကမဆို ရှာဖွေနိုင်တဲ့ အသင်းမျိုးပါ ။ ကျွန်တော်တို့ အဲ့တာကို ကောင်းကောင်း ခုခံနိုင်ခဲ့ကြပါတယ် ။ ဗုဒ္ဓဟူး နေ့မှာ ကစားခဲ့တဲ့ အသင်းသားတွေလည်း ဒီပွဲမှာ ကောင်းကောင််း ထပ်ကစားနိုင်ခဲ့ကြပါတယ် ။ ဒီအတွက် Credit ပေးလိုပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar