ယူနိုက်တက် ပရိသတ်တွေကို စိတ်ကျေနပ်မှုနဲ့ မကျေနပ်မှုပါ ပေးခဲ့တဲ့ ယူနိုက်တက် 2-0 အဲဗာတန် ပွဲစဥ်မှ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်ရဲ့ အစောဆုံးပွဲစဥ်အဖြစ် ဒီနေ့ည အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ အဲဗာတန် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ကာ အဆင့် 3 နေရာကို (ယာယီ) တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲဟာ ယူနိုက်တက် ပရိသတ်တွေအတွက်တော့ စိတ်မကျေနပ်မှုတွေ ဖြစ်စေခဲ့ပါတယ် ။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်းက ဒီပွဲမှာ ယူနိုက်တက်တို့ ဒီထက်ပိုပြီး ဂိုးပြတ်ခဲ့သင့်လို့ပါပဲ ။ ဒါ့အပြင် အသင်းရဲ့ အဓိက တိုက်စစ်် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ ဒဏ်ရာရတာလည်း ပါပါတယ် ။

စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရတာကတော့ ဒီနိုင်ပွဲကို Clean Sheet နဲ့ ရခဲ့တာ ဖြစ်ပြီး အသင်းရဲ့ အဓိက တိုက်စစ်ပိုင်း ကစားသမား သုံးဦး ဖြစ်ကြတဲ့ ရပ်ရှ်ဖို့ ၊ မာရှယ်နဲ့ ဆန်ချို တို့ အသင်းရဲ့သွင်းဂိုးတွေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ် ။

တော်မီနေး နဲ့ မာရှယ် တို့ ဂိုး သွင်းယူနိုင်ပြီး ဆန်ချို နဲ့ ရပ်ရှ်ဖို့ တို့ ဂိုး ဖန်တီးပေးနိုင်ခဲ့ကြတဲ့ အဆိုပါ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ဒီနေ့ ပွဲစဥ်မှာ သိပ်ပြီး အလုပ် မများခဲ့ရပါဘူး ။ အန်တိုနီ အတွက် ဂိုးဖန်တီးပေးဖို့ အတော်လေးကို နီးစပ်ခဲ့ပါသေးတယ် ။ Cleen sheet ရယူနိုင်ခဲ့ပါတယ် ။

ဝမ် ဘစ်ဆာကာ (7)

အခွင့်အရေး တစ်ကြိမ် လွဲချော်ခဲ့ပါတယ် ။ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပြီး final third မှာ အကျိုးပြုပေးနိုင်ခဲ့ပါတယ် ။

မက်ဂွားယား (7)

အစောပိုင်းမိနစ်မှာ ပိတ်ဆို့မှုအချို့ လုပ်ပြနိုင်ခဲ့ပါတယ် ။ တွေဝေတာမျိုး ရှိနေခဲ့ပေမဲ့ စွမ်းဆောင်ရည် အပိုင်းမှာ solid ဖြစ်ခဲ့ရပါတယ် ။

မာတီနက်ဇ် (7)

ခံစစ်ပိုင်း ကစားပုံ ကောင်းခဲ့ပြီး ခေါင်းဆောင်နိုင်မှု စွမ်းရည်လည်း ပြသသွားနိုင်ခဲ့ပါတယ် ။ အသင်းရဲ့ ဒုတိယဂိုးကို ရရှိစေနိုင်ခဲ့ပါတယ် ။

မာလာစီယာ (6)

ခံစစ်ပိုင်း ဆုံးဖြတ်ချက် ချမှတ်ရေးမှာ အလျင်လိုနေခဲ့သလို တိုက်စစ်ပိုင်းပေးပို့မှုအချို့လည်း လျော့တိလျော့ရဲ ဖြစ်ခဲ့ရပါတယ် ။ ဒုတိယပိုင်း ပိုကောင်းခဲ့ပါတယ် ။ ဂိုးရသင့်ပေမဲ့ ညံ့ခဲ့ပါတယ် ။

တော်မီနေး (7)

ခံစစ်ပိုင်း ကစားသမားဟာ တိုက်စစ်ထိ မကြာခနလိုက််ပါခဲ့ပြီး ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့နေရာယူမှု ၊ အဆုံးသတ် စွမ်းရည်က ချီးကျူးစရာ ဖြစ်ခဲ့ရပါတယ် ။

ဆာဗစ်ဇာ (8)

တိုက်စစ်ပိုင်း ကစားသမားတွေ ကစားရ လွတ်လပ်အောင်် ကူညီပေးနိုင်ခဲ့ပါတယ် ။ ဖိအားပေး ကစားပုံ ကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

အန်တိုနီ (6)

ဖန်တီးနိုင်မှု စွမ်းရည်ကောင်းရှိနေကြောင်း ပြသနိုင်ခဲ့ပါတယ် ။ ကန်ချက် တစ်ကြိမ် ဂိုးတိုင်ထိခဲ့သလို ပစ်ဖို့ဒ် ကာကွယ်ခဲ့တာကြောင့် ဂိုးကံခေခဲ့ရပါတယ် ။ တိုးတက်ဖို့ လိုပါသေးတယ် ။

ဘရူနို (8)

Deep Role မှာ ကစားပေးခဲ့ပြီး ဘရန့်ဖို့ဒ် နဲ့ ပွဲစဥ်တုန်းကထက် ပိုကောင်းပြနိုင်ခဲ့ပါတယ် ။ ယူနိုက်တက်ရဲ့ တိုက်စစ််ဆင်မှုတွေက သူ့ဆီမှ မြစ်ဖျားခံတာများခဲ့ရပါတယ် ။

ဆန်ချို (6)

တော်မီနေး အတွက် အကွက်မြင်မြင် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကိုးမန်း ကို ကျော်ဖြတ်ပြဖို့ ရုန်းကန်ခဲ့ရသလို အကောင်းဆုံး စွမ်းရည် မပြနိုင်ခဲ့ပါဘူး ။

ရပ်ရှ်ဖို့ (7)

ပွဲချိန် 8 မိနစ်ထဲက ဂိုးရခဲ့သင့်ပါတယ်။ နောက်ထပ် အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး ။ ကစားပုံ ကောင်းခဲ့ပြီး မာရှယ် အတွက် ဂိုးဖန်ပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

မာရှယ် (7)
ဖရက်ဒ် (6)
အဲရစ်ဆင် (6)
ဝဂ်ဟော့စ် (5)

#Sports_Myanmar