ဒီတစ်ပတ် မြောက်လန်ဒန်ဒါဘီ ပွဲမှာ အာဆင်နယ် အသင်း ရှုံးပွဲ ကြုံလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ကာရေဂါ

တော့တင်ဟမ် အသင်း ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပုံစံကောင်း ရနေတဲ့ အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲလည်း ဖြစ်နေပါတယ် ။ အာဆင်နယ် အသင်းက ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မယ့် ပွဲဖြစ်ပြီး ဝော့ာတင်ဟမ် အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ မန်စီးတီး ထက် တစ်ပွဲ ပိုကစား ၊ ရမှတ် ၁ မှတ် အသာ နဲ့ အမှတ်ပေး ဇယား ကို ဦးဆောင် နေတာ ဖြစ်ပြီး ချန်ပီယံဆုအတွက် အမှား ခံလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ် ။ စပါး အသင်းကတော့ အဆင့်လေး နေရာက ဗီလာ ထက် ၂ ပွဲလျော့ ၊ ၆ မှတ် အကွာ အနေအထားမှာ ရှိနေပါတယ် ။

အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်းဟာ ခါးသီးလှတဲ့ မြို့ ခံ ပြိုင် ဘက် တွေ ဖြစ်ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အသင်းတွေပါ ။ ပွဲမကစားမှီမှာ တစ်ဖက်နှင့်တစ်ဖက် စကားစစ်ထိုးမှုတွေ ပြုလုပ်လေ့ ရှိသလို ပွဲအပြီးမှာလည်း အနိုင်ရတဲ့ အသင်းဟာ ရှုံးတဲ့အသင်းကို အမြဲလိုလို လေတိုက်လေ့ ရှိကြပါတယ် ။

လီဗာပူး အသင်း ရဲ့ နောက်ခံလူဟောင်း ကာရေဂါ ကတော့ ဒီတစ်ပတ် မြောက်လန်ဒန် ဒါဘီ ပွဲ နဲ့ ပတ်သက်ပြီး ” တော့တင်ဟမ် အသင်းက ပွဲမကစားရတာ အတော်လေး ကြာနေပါပြီ ။ တော့တင်ဟမ် အသင်း ပွဲ မကစားဘဲ အနားရနေတာ နှစ်ပတ် သို့မဟုတ် ၁၀ ရက်လောက် ရှိနေပြီ ထင်တယ်နော် ၊ ကျနော်ကတော့ သူတို့ အာဆင်နယ် အသင်းကို ၂-၁ နဲ့ နိုင်လိမ့်မယ်လို့ ခန့်မှန်း ချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM