အသင်းရဲ့ အဝတ်လဲခန်းထဲမှ ကစားသမားတွေရဲ့ အရေးအကြီးဆုံး စရိုက် လက္ခဏာ နှစ်ခုကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် ကွင်းလယ်လူ ဆာဗစ်ဇာ

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရာသီကုန် အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်် ကစားသမား ဖြစ်သူ မာဆယ် ဆာဗစ်ဇာ က ရိုးသားမှု နဲ့ စိတ်ဓါတ် ခံယူချက်တွေက အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အရေးအကြီးဆုံး စရိုက် နှစ်ခု ဖြစ်နေခဲ့တယ်လို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင််းလယ်လူ ခရစ္စတီယံ အဲရစ်ဆင်ဟာ ရီးဒင်း အသင်းနဲ့ ရင််ဆိုင် ကစားခဲ့ရတဲ့ FA ဖလား ပွဲစဥ်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့နောက် 3 လအထိ အနားယူရမယ်လို့ သိခဲ့ရချိန်မှာ အဲရစ် တန်ဟတ် က ဆာဗစ်ဇာ ကို ဘိုင်ယန် မြူးနစ် အသင်းမှ အငှားခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ဆာဗစ်ဇာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းအတွက် 9 ပွဲအထိ ပါဝင် ကစားပေးခွင့် ပိုင်ဆိုင်ခဲ့ရပြီး ဖူလ်ဟမ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာတော့ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး သွင်းဂိုးကို သွင််းယူသွားနိုင်ခဲ့ပါတယ် ။ သူဟာ ယူနိုက်တက်နှာ ဆက်နေခွင့် ပိုင်ဆိုင်ထားသူလည်း ဖြစ်နေခဲ့ပါတယ် ။

အခုတော့ သူက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်် ကစားပေးရတာကို ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲက ရိုးသားမှု နဲ့ စိတ်ဓါတ် ခံယူချက်တွေဟာ အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ အရေး အကြီးဆုံး စရိုက် လက္ခဏာတွေ ဖြစ်ခဲ့ရကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ 100 % ပါပဲ ။ ရိုးသားဖို့ ဆိုတာက ကျွန််တော့် အတွက်တော့ အရေးအကြီးဆုံး အရာ တစ်ခုပဲ ဖြစ်ပါတယ် ။ ပြီးတော့ စိတ်ဓါတ်ပိုင်းရောပေါ့ ။ အနိုင်ယူလိုစိတ်် ရှိနေဖို့ တကယ့်ကိုပဲ လိုအပ်လှပါတယ် ။ ကျွန်တော်တို့ ကွင်းထဲ ရှိနေချိန်မှာ အစွမ်းကုန် ပေးဆပ် ကစားဖို့ ၊ ကိုယ့်ကိုယ်ကို သက်သေပြဖို့ပဲ တွေးတောကြပါတယ် ”

” ကျွန်တော်တို့ ကြားထဲမှာ အချင်းချင်း ရိုးသားမှု ရှိနေဖို့ နဲ့ ကွင်းထဲက ဘဝကို အကောင်းဆုံး ရှင်သန်နိုင်ဖို့ လိုအပ်လှပါတယ် ။ အသင်းမှာတော့ winner တွေ အများကြီး ရှိနှင့်ပြီးသားပါ ။ ဒါဟာ စိတ်ဓါတ် ခံယူချက် ကောင်းလွန်းတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ ထူးကဲတဲ့ အသင်းမျိုးပါပဲ ”

” ဒီလို အဖွဲ့ထဲ ရှိနေရလို့ ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပါတယ် ။ ဘောလုံး အားကစား လောကမှာ အနိမ့်အမြင့် အတက်အကျ အများကြီး ရှိတတ်ပါတယ် ။ အဲ့ဒီမှာ ခင််ဗျား ကာယပိုင်း ၊ စိတ်ပိုင်း သန်မာနေဖို့ ၊ ကိုယ်လုပ်ချင်တဲ့ အရာအပေါ် အာရုံ စူးစိုက်နေဖို့ပဲ လိုပါတယ် ။ အဲ့တာက ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ရေးမှာ တကယ့်ကို အရေးပါလှပါတယ် ” လို့ ဆာဗစ်ဇာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar