လီဗာပူး Vs အာဆင်နယ်?? ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်

မန်ယူနိုက်တက် vs အဲဗာတန်
စပါးနဲ့ တနင်္လာနေ့က ရလဒ်ဟာ အဲဗာတန် အတွက် နောက်ထပ် ရလဒ်ကောင်းတစ်ခုပါ။ ဒါပေမယ့် ဒီပွဲစဉ်မှာတော့ မန်ယူနိုက်တက်ကိုပဲ ကျနော် ရွေးချယ်မှာပါ။ သူတို့ဟာ ဘရန်ဖို့ဒ်ကို အနိုင်ရဖို့ အတွက် လုံလောက်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ၁-၀ ဖြစ်ခဲ့ပေမယ့် သက်တောင့်သက်သာ နိုင်ခဲ့တာ ဖြစ်ပြီး နယူးကာဆယ်ကို ရှုံးခဲ့မှုကို ချေဖျက်နိုင်ခဲ့ပါတယ်။ အဲဗာတန် ကတော့ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ တအားကို တိုက်ပွဲ၀င်စိတ် ပြင်းထန်လို့ ဖြစ်ပါတယ်။ ဟယ်ရီကိန်းကို မေးကြည့်လိုက်ပါ။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၂-၀ အဲဗာတန်

တော့တင်ဟမ် vs ဘရိုက်တန်
ဘရိုက်တန် ကတော့ တကယ့်ကို ပုံစံကောင်းပြသနေပါတယ်။ ဒါပေမယ့် စပါးက နိုင်သွားနိုင်ပါတယ်။ ဒါဟာ စပါးရဲ့ ပုံစံပါ။ တော်တော်များများ ကတော့ ဘရိုက်တန် နိုင်မယ်လို့ ယူဆနေကြမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် စပါးက သူတို့ကို နိုင်သွားမယ်လို့ ကျနော် ထင်နေပါတယ်။ ဘရိုက်တန်ဟာ ဥရောပ၀င်ခွင့်ရဖို့ ကြိုးပမ်းနေတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် စပါးတို့ပဲ အနိုင်ရသွားမှာပါ။

ခန့်မှန်းချက် : တော့တင်ဟမ် ၂-၁ ဘရိုက်တန်

ဝုဖ် Vs ချဲလ်ဆီး
ချဲလ်ဆီးတို့ လီဗာပူးကို အနိုင်ရခဲ့သင့်ပါတယ်။ လီဗာပူးဟာ မိနစ် ၆၀ လောက်ထိ ဖရိုဖရဲ ဖြစ်နေခဲ့တာပါ။ လက်ရှိမှာ လမ်းပတ် ပြန်လာပါပြီ။ ဒါဟာ သူ့အတွက် ကောင်းပါတယ်။ ဒါဟာ သူ့အတွက် အကျိုးများနိုင်မယ့် အပြောင်းအရွေ့ ဖြစ်ပါတယ်။ ဝုဖ်ဟာ တန်းမဆင်းရဖို့ တိုက်ပွဲ၀င်နေပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်တာကြောင့် ကျနော်ကတော့ သရေပွဲလို့ပဲ မြင်ပါတယ်။

ခန့်မှန်းချက် : ဝုဖ် ၁-၁ ချဲလ်ဆီး

ဆောက်သမ်တန် vs မန်စီးတီး
ရုန်းကန်နေရတဲ့ အချိန်မှာ ဒါဟာ ဆောက်သမ်တန်တို့ ကစားချင်တဲ့ ပွဲမျိုး မဟုတ်ပါဘူး။ ဟာလန်း ဒီပွဲမှာ ပြန်လာမယ်လို့ ကျနော် ယူဆထားပါတယ်။ မန်စီးတီးဟာ လီဗာပူးနဲ့ ပွဲမှာ တကယ့်ကို ကောင်းခဲ့ပြီး လက်ရှိမှာ ဆိုရင် ၇ ပွဲဆက် နိုင်ထားခဲ့ပါတယ်။ မန်စီးတီးပါပဲ။

ခန့်မှန်းချက် : ဆောက်သမ်တန် ၀-၃ မန်စီးတီး

လီဗာပူး vs အာဆင်နယ်
အန်ဖီးမှာ လီဗာပူးတို့ ရှုံးလိမ့်မယ်လို့ ကျနော် မှန်းခဲပါတယ်။ ဒါပေမယ့် သူတို့ အာဆင်နယ်ကို နိုင်လိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။ သူတို့ဟာ ဒီအချိန်မှာ ၄၅ မိနစ်လောက်တောင် ကောင်းကောင်း မကစားနိုင်လို့ပါ။ ချဲလ်ဆီးနဲ့ပွဲမှာ လီဗာပူး back three ပုံစံမျိုး ကစားခဲ့ပါတယ်။ ဒါပေမ့ယ် ကစားပုံက မကောင်းခဲ့ပါဘူး။ ဒါကို ကြည့်မယ် ဆိုရင် လီဗာပူးရဲ့ လက်ရှိ အနေအထားကို သိနိုင်ပါတယ်။

ခန့်မှန်းချက် : လီဗာပူး ၁-၂ အာဆင်နယ်

အခြားပွဲစဉ်များ
အက်စတွန်ဗီလာ ၂-၁ နော့တင်ဟမ်ဖောရက်စ်
ဘရန့်ဖို့ဒ် ၁-၂ နယူးကာဆယ်
ဖူဟမ် ၁-၂ ၀က်ဟမ်း
လက်စတာ ၂-၀ ဘုန်းမောက်
လိဒ် ၂-၁ ပဲလေ့စ်

SM