အာဆင်နယ် အနေနဲ့ ပေါင် သန်း ၄၀ တန် ကွင်းလယ်လူကို မခေါ်သင့်ကြောင်း ရှင်းပြလိုက်တဲ့ ဒွိုက်ယောခ့်

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံး ရက်မှာ ဒဏ်ရာ ရနေတဲ့ ပါတေး ၊ အယ်နီနီ တို့ရဲ့နေရာ အစားထိုးဖို့ရာ ဘရာဇီးသား လူးဝဇ် ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပါတယ် ။ အာဆင်နယ် ဟာ အက်စတန်ဗီလာ အသင်း ရဲ့ ဘရာဇီး ကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝဇ် ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ၃ ကြိမ် တိုင်တိုင် ပြု လုပ်ခဲ့ပေမယ့် သုံးကြိမ် စလုံး ပယ်ချ ခံခဲ့ရပါတယ် ။

အာဆင်နယ် အသင်းရဲ့တတိယအကြိမ် (နောက်ဆုံး) ကမ်းလှမ်းမှုဟာ ပေါင် ၂၅ သန်းဝန်းကျင် ရှိခဲ့ပါတယ် ။ အက်စတန်ဗီလာ အသင်းဟာ နောက်ဆုံးရက်မှာ အသင်းအတွက် အရေးပါတဲ့ ကစားသမားကို မရောင်းချချင်တာကြောင့် လုံးဝ လက်မခံ ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို ခေါ်ယူ အားဖြည့် ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနှစ် နွေရာသီမှာလည်း ကွင်းလယ် အင်အား ကို အဓိက ဖြည့်တင်းသွားဖို့ ရှိပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ၊ ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီ တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။

အာဆင်နယ် နဲ့ နွေရာသီတုန်းက သတင်းထွက်ခဲ့တဲ့ ဒေါက်ဂလပ်စ်လူးဝဇ် ကတော့ အက်စတန်ဗီလာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားပြီး ဖြစ်ပါတယ် ။ ဒွိုက်ယောခ့် ​ကတော့ ဒေါက်ဂလပ်စ်လူးဝဇ် ဟာ အာဆင်နယ် အသင်း အဆင့်အတန်း မဟုတ်တာကြောင့် မခေါ်လိုက်တာ ကောင်းကြောင်း LegalSportsBooks မှာ ပြောကြား သွားခဲ့ပါတယ် ။

” ပြီးခဲ့တဲ့ နွေရာသီတုန်းက ဒေါက်ဂလပ်စ်လူးဝဇ် အတွက် အာဆင်နယ် အသင်း ပေးတဲ့ ပိုက်ဆံကို အက်စတန်ဗီလာ အသင်း မယူတဲ့ အပေါ် နားမလည် နိုင်အောင် ဖြစ်ရပါတယ် ။ ကျနော်သာ သူတို့ နေရာမှာ ဆိုရင် အာဆင်နယ် အသင်း ကမ်းလှမ်းတဲ့ ပမာဏကို သေချာပေါက် လက်ခံ ရယူ သွားမှာပါ ။ ”

” လူးဝဇ် က ဗီလာ အတွက် တကယ်ကောင်းတဲ့ ကစားသမားပါ ၊ ဒါပေမယ့် သူက အာဆင်နယ် အသင်းကို နောက်တစ်ဆင့် ရောက်အောင် ပို့ပေးနိုင်မယ့် စူပါ ကစားသမားတော့ မဟုတ်ပါဘူး ၊ အက်စတန်ဗီလာ လို သမိုင်း အစဉ်အလာကောင်းတဲ့ အသင်းကနေ အာဆင်နယ်လို ပိုကြီးကျယ်ခမ်းနားတဲ့ အသင်းကို ပြောင်းတဲ့အခါမှာ အရင်တုန်းကထက် ပိုကောင်းအောင် လုပ်ပြ နိုင်ဖို့ လိုအပ်ပါတယ် ။ ”

” ဒေါက်ဂလပ်စ်လူးဝဇ် က ကျနော် အက်စတန်ဗီလာ အသင်းမှာ အနီးကပ် စောင့်ကြည့်ဖူးတဲ့ ကစားသမားပါ ၊ သူ့ရဲ့ အားသာချက် က ဘာလဲ ဆိုတာ ရေရေရာရာ ပြောလို့ မရပါဘူး ၊ သူက ကွင်းလယ်မှာ ငြိမ်တာ မှန်ပါတယ် ၊ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် အသင်း သူ့ကို အသည်းအသန် လိုချင်ခဲ့တဲ့ အပေါ် နားမလည် နိုင်အောင်ပါပဲ ။ ”

” သူက ကွင်းလယ်မှာ ဖန်တီးနိုင်စွမ်းလည်း မရှိပါဘူး ၊သူ က ဗီလာ အတွက်တော့ အရေးပါတဲ့ ကစားသမားပါ ၊ပိုကောင်းတဲ့ အသင်းမှာ ကစားဖို့ ဆိုရင်တော့ ဒီထ​က် ပိုကောင်းအောင် လုပ်​ပြ နိုင်ဖို့ လိုပါတယ် ၊ သူက Top 4 မှာ ကစားနိုင်သူ မဟုတ်ပါဘူး ၊ ဗီလာ အတွက်တော့ လက်ခံ ပေးလို့ရတဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM