အာဆင်နယ် အသင်း အဆင့် ဘယ်လောက်နဲ့ ရာသီ သိမ်းမလဲ ခန့်မှန်းလိုက်တဲ့ ဂျွန်တယ်ရီ

 

ချဲလ်ဆီး အသင်း ရဲ့ ဂန္တဝင် နောက်ခံလူ ဂျွန်တယ်ရီ က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ချက်စတာ စီးတီး အသင်းပဲ ဆက်လက် သိမ်းပိုက် သွားလိမ့်မယ်လို့ ခန့်မှန်း လိုက်ပြီး အာဆင်နယ် အသင်းကတော့ အဆင့် ၃ နဲ့ ပဲ ရာသီသိမ်းလိုက်မယ်လို့ ဆိုလိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အာဆင်နယ် အသင်းနှင့် လီဗာပူး အသင်း တို့ဟာ ဗီလာ ၊ ပဲလေစ့် တို့ကို ရှုံးပွဲ ကြုံတွေ့ ခဲ့ပြီး မန်စီးတီး က အနိုင် ရခဲ့တာကြောင့် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးဟာ လက်ရှိ ချန်ပီယံ လက်ထဲ ပြန်လည် ရောက်ရှိ သွားခဲ့ပါတယ် ။

လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ မန်စီးတီး ထက် နှစ်ပွဲ ပိုကစား ၊ ၄ မှတ် အသာ နဲ့ အမှတ်ပေး ဇယား ကို ဦးဆောင် နေပေမယ့် စီးတီးသာ လက်ကျန်ပွဲတွေကို အနိုင်ရရင် အမှတ်ပေး ဇယား ထိပ်ဆုံးကနေ ပြန်ဖယ် ပေးရမှာ ဖြစ်ပါတယ် ။ မန်စီးတီးဟာ ဒီကနေ့ညမှာ ဘရိုက်တန် အသင်း နဲ့ ကစားဖို့ ကျန်နေသေးတာပါ ။

ဒီတစ်ပတ်မှာပဲ ပရီးမီးယားလိဂ် ရဲ့ Hall of Fame ထဲ ထည့်သွင်း ခံခဲ့ရတဲ့ ဂျွန်တယ်ရီ က blind ranking challenge တွင် ပရီးမီးယားလိဂ် Top 4 ကို ရွေးချယ်ရာမှာ မန်စီးတီး ကို အဆင့် ၁ ၊ လီဗာပူး ကို အဆင့် ၂ ၊ အာဆင်နယ် ကို အဆင့် ၃ ၊ မန်ယူနိုက်တက် ကို အဆင့် ၄ အဖြစ် ရွေးချယ် သွားခဲ့တာပါ ။ ဒါ့အပြင် တယ်ရီ က ဂိုးသွင်း အများဆုံး ကစားသမား နေရာမှာ ဝက်ကင်းစ် ကို ရွေးချယ် သွားခဲ့ပါတယ် ။

SM