ဆာကာ ၊ ဆလီဘာ တို့ရဲ့ စာချုပ်သစ် အခြေအနေနှင့် အာဆင်နယ် အသင်း ရဲ့ နွေရာသီ အစီအစဉ်တွေကို ပြောပြလိုက်တဲ့ ရိုမာနို

အပြောင်းအရွှေ့ဂုရု ဖာဘရစ်ဇီယို ရိုမာနို ဟာ CBS House of Champions အစီအစဉ်မှာ ဘောလုံး အကြောင်းတွေကို ဆွေးနွေး ပြောဆို သွားခဲ့ပြီး ဆာကာ ၊ ဆလီဘာ တို့ရဲ့ စာချုပ်သစ် အခြေအနေနှင့် အာဆင်နယ် အသင်း ရဲ့ နွေရာသီ အစီအစဉ်တွေကို ပြောကြား သွားခဲ့ပါတယ် ။

” ဘူကာရို ဆာကာ က အာဆင်နယ် အသင်း နဲ့ မကြာခင်မှာ စာချုပ်သစ် ချုပ်ဆို သွားမှာပါ ။ အရာအားလုံးက သဘောတူညီမှု ရပြီးပါပြီ ၊ ကျနော့်ကို ယုံကြည်လိုက်ပါ ၊အာဆင်နယ် အတွက် ကစားသမားသစ် ခေါ်ယူ လိုက်သလိုမျိုး ဖြစ်သွားစေမှာပါ ။ ဆာကာလို ကစားသမားက ၂၀၂၄ ခုနှစ် နွေရာသီမှာ အသင်း နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့်အရေးဟာ တကယ့်ကို အန္တရယ်ရှိတဲ့ အခြေအနေမျိုးပါ ။ ”

” အာဆင်နယ် က ဆာကာ ကို စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ Strategy ကျကျ လုပ်ဆောင် နိုင်ခဲ့ပါတယ် ၊ လုံးဝ perfect ပါပဲ ။ ဒါကြောင့် ဆာကာ ကို စာချုပ်သစ် ချုပ်ဆို နိုင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာမှုက သိပ်မကြာတော့ပါဘူး ။ ”

” ဆလီဘာ ရဲ့ စာချုပ်သစ် အခြေအနေ အကြောင်း ပြောရမယ်ဆိုရင် မကြာခင် အချိန်မှာ ဆွေးနွေးမှုတွေ အရှိန်အဟုန်မြင့် ဆက်လက် လုပ်ဆောင် သွားဖွယ် ရှိပါတယ် ။ ဆလီဘာ ရဲ့ အေးဂျင့် နဲ့လည်း စကား ပြောဆိုမှုတွေက အဆက်မပြတ် ရှိနေပါတယ် ၊ ရှေ့လျှောက် ပိုပြီး ဆွေးနွေး ပြောဆို သွားဖို့ ရှိပါတယ် ။ ”

” အာဆင်နယ် အသင်း ရဲ့ အဓိက mission က အသင်းက ကစားသမားတွေကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ နှင့် နွေရာသီ အတွက် အစီအစဉ်ဆွဲဖို့ပါ ။ အာဆင်နယ် အတွက် တကယ့်ကို အလုပ်ရှုပ်တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ ဖြစ်မှာပါ ၊ သူတို့ရဲ့ project ကို နောက်တစ်ဆင့် မြင့်ဖို့ရာမှာ အရေးပါတဲ့ ကစားသမားတွေကို ခေါ်ပါလိမ့်မယ် ။ ”

” သူတို့က ပြီးခဲ့တဲ့ နှစ်နှစ် ကတည်းက အသင်းကို ပြန်လည် တည်ဆောက် နေတာပါ ၊ အာဆင်နယ် အသင်း အနေနဲ့ လာမယ့် နွေရာသီမှာ အသင်းအတွက် အရေးပါမယ့် ကစားသမား ၁ ဦး ၂ ဦး ၃ ဦး လောက်ကို ခေါ်သွားမယ်လို့ ထင်ပါတယ် ၊ သူတို့ ဘယ်လို အစီအစဉ်တွေ ဆွဲမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ ။ ”

” ကျနော် သေချာပေါက် ပြောနိုင်တာကတော့ ကွင်းလယ် နှင့် တိုက်စစ် ကစားသမားတွေ ကို သေချာပေါက် ခေါ်ပါလိမ့်မယ် ။ နောက်တန်း အစွန်လူလည်း ထပ်ခေါ်သွားဖွယ် ရှိပါတယ် ၊ ဒါပေမယ့် အာဆင်နယ် က အခု အချိန်မှာ ပရီးမီးယားလိဂ် ကိုပဲ လုံးဝ အာရုံ စိုက်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM