ပေါ်တာ အတွက် ကုန်တဲ့ငွေ ၊ ယူနိုက်တက် အတွက် နောက်ထပ် ကမ်းလှမ်းမှု ၊ အပြောင်းအရွှေ့ အခြေအနေတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ချဲလ်ဆီး အသင်းဟာ ဂရေဟမ် ပေါ်တာ ကို ခေါ်ယူ နိုင်ဖို့ အတွက် ဘရိုက်တန် အသင်းကို ပေါင် ၂၁ သန်းခွဲ ပေးချေ ခဲ့ရတယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ကွင်းလယ်ကြယ်ပွင့် ကစားသမား ပက်ဒရီ ဟာ ဒဏ်ရာကနေ မသက်သာ သေးတာကြောင့် ရီးရဲ နဲ့ ကစားမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကို ပါဝင်နိုင်ဦးမှာ မဟုတ်သလို ဧပြီလ အလယ်လောက်ထိ အနားယူရဦးမယ်လို့ သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် က သူ့ရဲ့ ဒဏ်ရာ အခြေအနေ သက်သာ ကောင်းမွန် လာပြီ ဖြစ်တာကြောင့် မကြာခင် ပြန် ကစားနိုင်တော့မယ် ဆိုတာကို ဆိုရှယ်မီဒီယာ ကနေ တဆင့် အသိပေး သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ဟာ ဇန်နဝါရီ တုန်းက ပေါ်တို ကွင်းလယ်လူ မာကို ဂရူဂျစ် ကို ချိတ်ဆက် ခဲ့သေးတယ်လို့ သတင်း ထွက်ပေါ်လာပါတယ် ။ ဒါပေမယ့် လီဗာပူး ကွင်းလယ်လူဟောင်း ကတော့ အိုးထရက်ဖိုဒ့် ကို ပြောင်းရွှေ့ဖို့ ငြင်းဆန် ခဲ့တယ်လို့ သိရပါတယ် ။

ရှိတ် ဂျာဆင်း အယ်သာနီ နဲ့ ဆာ ဂျင် ရတ်ကလစ် တို့ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ထပ်မံ ကမ်းလှမ်းမှုတွေ ပြုလုပ် လိုက်ကြပါပြီ ။

ရှိတ် အယ်သာနီ ဟာ မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်သစ် ဖြစ်လာမယ်လို့ ယုံကြည်ချက် အပြည့်အ၀ ရှိနေပြီး သူတို့ရဲ့ ကမ်းလှမ်းထားမှုဟာ အကောင်းဆုံး အနေအထား ဖြစ်တယ်လို့လည်း သတ်မှတ်ထားကြပါတယ် ။ ကွင်းကြီး အတွက် ရင်းနှီးမြှပ်နှံမှုတွေ ၊ အကယ်ဒမီ အတွက် လုပ်ဆောင်ပေးမယ့် အရာတွေ ၊ အသင်းကြီး ကို ပံ့ပိုးပေးမှုတွေ အပါအဝင် အယ်သာနီ ဟာ ယူနိုက်တက် ကို ၁၀၀% ပိုင်ဆိုင်မှု ရရှိလိုတယ်လို့ သိရပါတယ် ။

ဗြိတိန် ဘီလီယံနာ ဆာ ဂျင် ရတ်ကလစ် ကတော့ သူပိုင်ဆိုင်တဲ့ INEOS အဖွဲ့က တဆင့် ကမ်းလှမ်းမှု ပြုလုပ် ထားပြီး အသင်းအတွက် ရေရှည် စီမံကိန်းတွေကို တင်ပြထားတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ ဘဏ္ဍာရေး ဟန်ချက် ကို ညီမျှအောင် လုပ်ဆောင်ဖို့ လိုအပ် နေတာကြောင့် အသင်းက ကစားသမား အချို့ ကို စာချုပ် ဖျက်သိမ်းဖို့ အထိ စိတ်ကူး နေပြီလို့လည်း ကြားသိရ ပါတယ် ။

မနေ့က ဂျာမန် လက်ရွေးစင် ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဘောလုံးကစားခြင်း က အနားယူခဲ့သလို ခရိုအေးရှား လက်ရွေးစင် ဗာလီဟို ကလည်း ဘောလုံးသမား ဘ၀ ကို နှုတ်ဆက် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကစားသမားဟောင်း ဘိုယန် ကာကစ် ဟာလည်း ဒီကနေ့မှာ ဘောလုံး ကစားခြင်း ကနေ အနားယူကြောင်း အသိပေး ကြေညာမယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး မှာ အငှားလာ ကစားနေတဲ့ ယူဗင်တပ် ကွင်းလယ်လူ ကူလူဆက်ဗ်စကီး က နည်းပြ ကွန်တီ နဲ့ အသင်းရဲ့ တင်းမာမှုဟာ သူ့စာချုပ် အပေါ် ဘယ်လိုမှ သက်ရောက်မှာ မဟုတ်ဘဲ စပါး အသင်းမှာ အမြဲတမ်း ကစားခွင့် ရရှိဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။

လီဗာပူး ကတော့ ကွင်းလယ်လူ ချန်ဘာလိန် ကို ရာသီအကုန်မှာ စာချုပ် ဖျက်သိမ်းပြီး ၂ ဦး ၂ ဘက် သဘောတူ လမ်းခွဲ ကြမယ်လို့ သိရပါတယ် ။

မနေ့က အထိ ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ရလဒ်တွေ ကတော့ –

ဘိုင်ယန် ၁-၀ အာဆင်နယ်

ရိုးမား ဝ-၁ ဘာစီလိုနာ

လီယွန် ၀ – ၁ ချဲလ်ဆီး

PSG ၀ – ၁ ဝုဖ်ဘတ် တို့ပဲ ဖြစ်ကြပါတယ် ခင်ဗျာ ။

 

SPORTS MYANMAR