ရပ်ရှ်ဖို့ကို စာချုပ်သက်တမ်းတိုးမြှင့်ရေးအပေါ် မှတ်ချက်ပေးရင်း စိန်ခေါ်မှုအသစ်တစ်ခုပေးလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ရပ်ရှ်ဖို့ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ မျှော်လင့်နေကြောင်း ၊ ကစားသမား ကိုယ်တိုင်ကလည်း တိုးမြှင့်လိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ရပ်ရှ်ဖို့ စာချုပ် သက်တမ်း တိုးဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ သူ ကိုယ်တိုင်လည်း ဒါကို အလိုရှိ နေတယ်လေ ။ မန်ချက်စတာ ယူနိုက်တက် ကလည်း သူ့ကို အလိုရှိိနေပါတယ် ။ သူက ဒီအသင်းရဲ့ ကလေးငယ်လေး တစ်ဦးပါ ။ ဒါ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်ပါတယ် ။

ရပ်ရှ်ဖို့ ဟာ ချဲလ်ဆီး အသင်းကို 4 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင််ရခဲ့တဲ့ ပွဲစဥ်မှာ တစ်ဂိုး သွင်းယူခဲ့တဲ့နောက် ဒီရာသီ သွင််းဂိုး 30 ပြည့်မြောက် သွားခဲ့ရပါတယ် ။ ဒါက သူ့ကို ရော်ဘင် ဗန်ပါစီ ရဲ့နောက် တစ်ရာသီ အတွင်း ဂိုး 30 ပြည့်တဲ့ ပထမဆုံံး ကစားသမား ဖြစ်စေနိုင်ခဲ့ပါတယ် ။

အဲ့ဒီထဲမှာတော့ သူ့ရဲ့ သွင်းဂိုး 22 ဂိုးဟာ ရာသီဝက် ပြီးဆုံံးခဲ့တဲ့နောက် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဲရစ် တန်ဟတ် ကတော့ သူ့ရဲ့ ကစားသမား ဂိုး 30 သွင်းယူနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ပျော်ပေမဲ့ နောက်ရာသီ ဒီထက်ပိုပြီး မှတ်တမ်းကောင်းစေချင်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ဦး ဂိုး 30 ပြန်လည် သွင်းယူပြနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ဒါပေမဲ့ နောက်ရာသီမှာတော့ ကိန်းဂဏန်းတွေဟာ ဒီထက်ပိုပြီး မြင့်တက်လာဖို့ လိုအပ်နေပါလိမ့်မယ် ” လို့ တန်ဟတ် က ပြောခဲ့ပြီး ရပ်ရှ်ဖို့ ကတော့…

” ကျွန်တော့်ကို အခုလို တစ်ကိုယ်တော် အောင်မြင်မှု တစ််ခု ရရှိအောင် ကူညီပေးခဲ့တဲ့ အသင်းနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်လိုပါတယ် ။ ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန််တော် ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့တဲ့နောက် ဂိုးသွင်း စွမ််းရည်တွေ ပြန်လည် ရချင်ခဲ့ပါတယ် ”

” အဲ့တာတွေကို ဒီရာသီမှာတော့ ပြန်လည် လုပ်ပြသွားနိုင််ခဲ့ပါတယ် ။ ကျွန်တော်တို့ ပွဲစဥ် နှစ်ပွဲ ကစားရပါဦးမယ် ။ အဲ့ဒီပွဲတွေမှာ အကောင်းဆုံး ပေးဆပ် ကစားရင်း ဖလား တစ်လုံး ထပ်ရနိုင်ဖို့ ကြိုးစား အားထုတ်သွားမှာပါ ” လို့ အင်စတာဂရမ် မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar