ဖူလ်ဟမ်နဲ့ ပွဲမှာ ကစားသမားနှစ်ဦး ပွဲထွက် ပါဝင်ကြမှာ မဟုတ်ကြောင်း အတည်ပြုလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး အသင်းကို 4-1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရခဲ့တဲ့နောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာသွားခဲ့ရပါတယ် ။ ဒါ့ကြောင့် ဒီနေ့ည ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဥ်မှာ ယူနိုက်တက်တို့ လူငယ် ကစားသမားလေးတွေကို ပွဲထုတ် ကစားစေလိမ့်မယ်လို့ ထင်ကြေးပေးခံနေခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ ကြုံသလို ပွဲကစားခွင့်တွေ ရရှိထားခဲ့ကြတဲ့ လူငယ်လေး နှစ်ဦး ဖြစ်သူ ဇီဒန်း အစ်ကဘယ် နဲ့ ကော့ဘီ မိုင်နူး တို့ ပွဲထွက်ခွင့် ရရှိကြလိမ့်မယ်လို့ ထင်ကြေးတွေ ပေးခံနေခဲ့ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ သူတို့ကို ပွဲထွက်ခွင့်ပေးဖို့ ရှိမနေပါဘူး ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဒီပွဲကို အလေးအနက်ထားပြီး ယှဥ်ပြိုင်သွားဖို့ ရှိနေကြောင််း ၊ ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ ခြေစွမ်းကို သက််သေပြဖို့ လိုအပ်ကြောင်း ၊ သူ့ဖက်ကတော့ အဆင့် 3 နေရာကိို ရရှိဖို့ အာရုံစိုက်သွားမှာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” နိုးပါ ၊ ဘယ်သူတွေကို ပွဲထွက် ကစားခွင့် ပေးမလဲဆိုတာက အရေးကြီးတဲ့ ကိစ္စ တစ်ခု ဖြစ်သွားဖို့ ရှိမနေပါဘူး ။ သူတို့တွေ အနေနဲ့ သူတို့ကိုယ်သူတို့ သက်သေပြဖို့လိုနေပါသေးတယ်။ သူတို့ ဘယ်နေရာမှာ အကောင်းဆုံး ကစားပေးနိုင်သလဲဆိုတာကို သက်သေပြဖို့ လိုအပ်နေပါသေးတယ် ”

” ကျွန်တော်တို့ရဲ့ attitude က ပွဲစဥ်တိုင်းကို အနိုင်ကစားဖို့ပါ ။ ကျွန်တော်တို့ ဘယ်ပြိုင်ပွဲမှာ ကစားနေသလဲ၊ ဘယ်နေရာမှာ ရှိနေသလဲဆိုတာက အရေးမကြီးပါဘူး ။ ကျွန််တော်တို့ routine တစ်ခုနဲ့ အလုပ်လုပ်ကြရမှာပါပဲ ။ အခုတော့ ကျွန်တော်တို့ ဖူလ်ဟမ် နဲ့ ပွဲစဥ်ကို အလေးအနက်ထားပြီး ကစားသွားကြမှာပါ ”

” ကျွန်တော်တို့ဟာ ဒီလိဂ်မှာ အဆင့် 3 နေရာ ရရှိနေခဲ့ကြတာကို ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေကြပါတယ် ” လို့ အဲရစ် တန်ဟတ် က ပြောကြားရင်း အသင်းရဲ့ အဓိိက ကစားသမားတွေကို ဆက်လက် ပွဲထုတ်သွားဖို့ ရှိနေကြောင်း အရိပ်အမြွတ် ဖွင့်ဟ ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar