ဖလား အောင်မြင်မှုတွေ ရယူချင်စိတ် မရှိတဲ့ အာဆင်နယ် ကို သဘောမကျဘူးလို့ ဆိုလိုက်တဲ့ ချဲလ်ဆီး ပစ်မှတ်

 

ချဲလ်ဆီး အသင်း ရဲ့ ပစ်မှတ် ကစားသမား Gift Orban က သူ ပြောင်းရွှေ့ ကစားချင်တဲ့ ပရီးမီးယားလိဂ် ကလပ် အသင်း ၃ သင်း နာမည် ကို ပြောကြား လိုက်ပီး အာဆင်နယ် အသင်းတော့ မပါဝင်ကြောင်း ဆိုသွား ခဲ့ပါတယ် ။ အသက် ၂၀ အရွယ် ဂျန့် တိုက်စစ်မှူး Gift Orbanဟာ ဒီရာသီ မှာ ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပြီး သွင်းဂိုး ၁၉ ဂိုး အထိ သွင်း ယူထားသူပါ ။

Gift Orban ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ ဘယ်ဂျီယံလိဂ် ကိုပြောင်းရွှေ့ ရောက်ရှိ လာတာ ဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြ ဂိုးတွေ သွင်းနေတာကြောင့် ကလပ် အသင်းတော်တော်များများ ရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ် ။ Evening Standard ကတော့ ဂျန့် အသင်းဟာ Gift Orban အတွက် မြိုးမြိုးမြက်မြက် ကမ်းလှမ်းလာမှသာ ရောင်းချ သွားမှာ ဖြစ်တယ်လို့ ရေးသား ဖော်ပြ ထားပါတယ် ။

Orban က အင်တာဗျုး တစ်ခုမှာ လက်ရှိ ဂျန့် အသင်းမှာ ကစားရတာ ပျော်ရွှင်နေပေမယ့် သူ့ရဲ့ ပန်းတိုင် ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် မှာ ကစားခွင့် ရဖို့ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” ကျနော့်ရဲ့ အိပ်မက်က ထိပ်တန်းလိဂ်ကြီး တစ်ခုမှာ ကစားရဖို့ပါ ။ ကျနော် သက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစားရတဲ့ နေရာ ၊ ကစားခွင့် ရတဲ့ နေရာမှာပေါ့ဗျာ ။ ”

” ပရီးမီးယားလိဂ် က ကျနော့်ရဲ့ ရည်မှန်းချက် ပန်းတိုင် ပါပဲ ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး သို့မဟုတ် မန်စီးတီးမှာ ကစားရဖို့ပေါ့ဗျာ ။ အာဆင်နယ် အသင်းကိုတော့ ကျနော် သိပ်မကြိုက်ပါဘူး ၊ ဘာကြောင့်လဲဆို သူတို့က ချန်ပီယံဆုတွေ ရယူချင်တဲ့ ပုံစံ မပေါက်တာကြောင့်ပါပဲ ၊ သူ တို့က ဘောလုံး ကစားတယ် ပြီးရင် ရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်တယ် ၊ ဒါတွေပဲ လုပ်နေတာပါ ။ ”

” ကျနော် ကတော့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်စွမ်း ရှိတဲ့ အသင်းမှာပဲ ကစားချင်ပါတယ် ၊ ရီးရဲလ် မက်ဒရစ် ဆို tiki-taka မကစားပေမယ့် ချန်ပီယံဆုတွေ အမြဲ ရယူနေတဲ့ အသင်းကြီး တစ်သင်းပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM