ဘာစီလိုနာမှာ ကြုံတွေ့နေခဲ့ရတဲ့ ပြသနာကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် ပစ်မှတ် ဖရန်ကီ ဒီဂျောင်

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ ပြီးခဲ့တဲ့ နွေတုန်းက အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ နဲ့ ပြသနာရှိခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့ နွေတုန်းက တပည့်ဟောင်းဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ််ခဲ့ပြီး အခုချိန်အထိလည်း ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းဖို့ ပစ်မှတ်ထားနေဆဲပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေတုန်းကတော့ ယူနိုက်တက် နဲ့ ဘာစီလိုနာ အသင််းတို့ဟာ ကစားသမားကို ခေါ်ယူဖို့ ကြိုတင် သဘော တူညီမှုတောင် ရရှိခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ဒီဂျောင်နဲ့ အသင်းအကြား လစာငွေ ကိစ္စ ပြသနာတွေ ရှိနေခဲ့တဲ့ အတွက်် မခေါ်ယူနိုင်ခဲ့ပါဘူး ။

အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ ရီးယဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ ကာစီမီရို ကို ခေါ်ယူခဲ့လိုက်ရပါတယ် ။ အခုတော့ ဒီဂျောင် က သူနဲ့ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ တို့ အကြား ပြောစရာ ကိစ္စရပ် ရှိနေခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်နဲ့ ဥက္ကဌ တို့ အကြား ဆက်ဆံရေး ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ အမှန်တရားကတော့ ဆိုးဆိုးရွားရွား မရှိခဲ့ပါဘူး ။ ဟုတ်ပါတယ် ၊ ပြီးခဲ့တဲ့ နွေတုန်းက ကျွန်တော်တို့ အကြား ကိစ္စရပ် အချို့ ရှိခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူနဲ့ ကျွန်တော့်ကြား ဆက်ဆံရေးကတော့ ကောင်းမွန်နေခဲ့ရပါတယ် ” လို့ ဒီဂျောင် က ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ဟာ လာမယ့် နွေမှာ ကစားသမားသစ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ကွင်းလယ်လူ ၊ တိုက်စစ်မှူး နဲ့ ဗဟို ခံစစ် ကစားသမားတို့ကို အဓိက ပစ််မှတ်ထားနေခဲ့ပါတယ် ။ အဲ့ဒီထဲမှာတော့ ဒီဂျောင်ဟာ သူ့ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်နေဆဲပါပဲ ။

တိုက်စစ် နေရာအတွက်တော့ ယူနိုက်တက်တို့ဟာ တော့တင်ဟမ် ဟော့ စပါး မှ ဟယ်ရီ ကိန်း နဲ့ နာပိုလီ မှ ဗစ်တာ အိုဆင်ဟမ်း တို့ကို ပစ်မှတ်ထားနေခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar